စာစဉ် ၃၂ ( ၁ - ၆ )

7.9K 1K 65
                                    

Book.              :  32
Chapter.          :  1 - 6
Original novel : Perfect Secret Love
Translator.       :  Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၃၂၊ အခန်း ၁ ။ မကောင်းဆိုးဝါးလေး

နောက်တစ်နေ့တွင် ။

ရတနာနန်းတော်သူဌေး ၀မ်ဟောယွမ်သည် ရီဝမ်ဝမ်နှင့်တခြားသူများအား အစားအသောက်ဧည့်ခံကျွေးမွေးသည် ။

ရတနာနန်းတော်မှ အရည်ကျောက် ထွက်သည်ဆိုသောသတင်းမှာ နာမည်ကြီးသွားခဲ့ပြီး သူတို့နာမည်သည်လည်း ထိုးတက်သွားခဲ့လေပြီ ။

တစ်ဖက်တွင် ၀မ်ဟောယွမ်ဆီမှ ကျောက်ရိုင်းတို့ ကို ၀ယ်ရမည့်သူသည် သူဖြစ်နေရဲ့သားနဲ့  ဟူမောက်ဖန်က မတားမြစ်ခြင်းကြောင့် ဖြစ်ရသည်ဟု ဆိုကာ ဟွမ်ရှီရှင်းသည် ဟူမောက်ဖန်အား ရန်လုပ်လို့ နေသည် ။

ဝမ်ဟောယွမ်သည် ရီဝမ်ဝမ်ထံမှ ရသမျှပိုက်ဆံအားလုံးကို
ကျောက်ရိုင်းတုံးတွေ အကုန်ပိတ်ဝယ်ပစ်လိုက်ပြီး ထိုကျောက်ရိုင်းတုံးအားလုံးမှာ နှစ်ရက်အတွင်း ရောင်းထွက်သွားခဲ့ကြသည် ။

သူသည် အမှန်တကယ်ကံဇာတာတက်လာချေပြီ - သူဝယ်လိုက်သည့် ကျောက်ရိုင်းတွဲတို့ သည်လည်း အတော်အသင့်ကောင်းသော ကျောက်စိမ်းတို့ ကို ထုတ်ပေးနိုင်ခဲ့ပြီး  “အမှိုက်ထွက်သည့်ဆိုင်” ဆိုသည့်နာမည်မှာ ဟိုးအဝေးတွင် မှေးမှိန်သွားခဲ့လေပြီ ။

“မိန်းကလေး ရီ ကြောင့်သာ မဟုတ်ရင် ကျွန်တော့်ရဲ့ရတနာနန်းတော်ဆိုင် က ချိတ်ပိတ်ပစ်ရတော့မှာ ပါဗျာ ။ လာပါ…ကျွန်တော် မိန်းကလေးကို တိုက်ပါရစေ”
ဝမ်ဟောယွမ်သည် ဖန်ခွက်ကို မြှောက်ပြီး ကျေးဇူးတင်ကြောင်း တဖွဖွပြောနေသည် ။

“သူဌေး ၀မ်…ဒါက ဘာမှမပြောပလောက်ပါဘူးရှင် ။
ကျွန်မ သောက်လို့  တော့ တကယ်မဖြစ်လို့ ပါ။ ဒီအစား ရေနွေးသောက်ပေးရင် ဘယ်လိုလဲ ။ သူဌေး ၀မ် ရဲ့စီးပွားရေး ဒီရေအလား တိုးတက်အောင်မြင်ပါစေ”

“ကျေးဇူးတင်ပါတယ်။ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now