စာစဉ် ၄၃ (၁၉-၂၆)

6.2K 890 24
                                    

Book. : 43
Chapter. : 19 - 26
Original novel : Perfect Secret Love
Translator. : Goddess
•••••••••••••••••••••••••••••••••••••••••••••••••

စာစဉ် ၄၃၊ အခန်း ၁၉ ။ သူ့ ကို စောင့်ရှောက်ဖို့  မတတ်နိုင်တာမှ မဟုတ်တာ

"ကိုကို တစ်ခုခုကို အောင်မြင်အောင် လုပ်ချင်တယ်ဆိုရင် အချိန်အခါနဲ့  အခြေအနေကို ကွက်တိချိန်တတ်ဖို့  လိုတယ် ။ အရင်တုန်းက ဖေဖေတို့ အရမ်းနာမည်ပျက်သွားခဲ့တယ် ဆိုပေမယ့်လို့  ညီမလေးတို့ တွေက တဖြည်းဖြည်းချင်း နာမည်ကို ပြန်မြှင့်ပေးသွားရမယ် ။ အခုဆို ဘိုးဘိုးတို့က ညီမလေးတို့ ဘက်ကို ပါသထက် ပါလာနေပြီ ။ ညီမလေးတို့ မှာ အကုန်ပြင်ဆင်ထားပေမယ့်လို့  တကယ့်ဟာတစ်ခုတော့ လိုနေတယ် ။ ပထမဆုံးခြေလှမ်းက လူတွေအများကြီးဆီကနေ မျက်နှာသာအပေးခံရဖို့ ပဲ ။ ဒါပေမယ့်လို့  ညီမလေးတို့ ရဲ့အင်အားကလဲ အရေးကြီးဆုံးထဲမှာ ပါတာပဲ ။ နောက်တစ်လှမ်းကတော့ ညီမလေးတို့ တွေ မျက်လှည့်ကြီးတစ်ခုတော့ လုပ်ပြဖို့ လိုလိမ့်မယ်" ရီဝမ်ဝမ် ပြောသည် ။

ရီမူဖန် ခေါင်းညိတ်မိ၏ ။
"ညီမလေး ခန့် မှန်းထားတာတွေက လုံးဝကို မှန်တယ် ။
အဲ့ဒါကြောင့်ပဲ ဘိုးဘိုးက ကိုကို့ ကို စာကြည့်ခန်းထဲကို ခေါ်သွားခဲ့တာ ။ ကိုကို အရည်အချင်းထုတ်ပြနိုင်သရွေ့  အခွင့်အရေးတစ်ခု ရစေရမယ်လို့  ဘိုးဘိုး ကတိပေးလိုက်တယ်"

"ကောင်းတယ် ။ အခုကစပြီးတော့ အရေးကြီးလာပြီ ။
ညီမလေးတို့ တွေ နဲနဲလေးမှ သတိလစ်လိုက်လို့  မရဘူး"

"၀မ်ဝမ်...စိတ်ချ ။ ကိုကို အချိန်ပိုဆင်းပြီးတော့ကို ကြိုးကြိုးစားစားနဲ့  အလုပ်လုပ်သွားမယ်"

ရီမူဖန် ပြောဆိုနေချိန် ၊ ရုတ်တရက် ရီဝမ်ဝမ်၏ဖုန်း မြည်လာသည် ။
လုံးဝကို နားကွဲသွားစေနိုင်လောက်သည့်အသံစူးစူးကြီးအား သတိပေးသံအဖြစ် လုပ်ထားခြင်းပါတည်း ။

"ဘယ်သူ့ စာကြီးလဲ ။ အဲ့ဒီမက်ဆေ့ခ်ျသံကြီးက ဘယ်လိုကြီးလဲ ။ ဘာလို့  ရဲကားအသံနဲ့  တူနေရတာလဲ" ထိုထူးခြားဆန်းပြားလှသည့်အသံကြောင့် ရီမူဖန် သိချင်စွာ မေးလိုက်မိသည် ။

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Where stories live. Discover now