"စစ်မြေပြင်ကို ပထမဆုံး ခြေချသူဟာ ငါဖြစ်သလို စစ်မြေပြင်က နောက်ဆုံးထွက်ခွာသူဟာလည်း ငါပဲ ဖြစ်လိမ့်မယ်***...အမိန့်နဲ့ညွှန်ကြားချက်ကို လေးစားလိုက်နာပြီး နိုင်ငံနဲ့လူမျိုးအပေါ် သစ္စာစောင့်သိမှုကို ပြကြရမယ်....မင်းတို့ တိုက်ရဲလား...."

"တိုက်ရဲတယ်...."

"သေရဲလား...."

"သေရဲတယ်...."

"တပ်မတော် အောင်ရမည်......."

ဗိုလ်မှူး ဝမ်ရိကျိုးရဲ့ စစ်ထွက်မိန့်ခွန်းအပြီး သံပြိုင်ဖြေသံ၊ ကြုံးဝါးသံတို့က အားတက်ဖွယ်ပင်။

အချိန်တွေအိုမင်းကာ နာရီလက်တံက တရွေ့ရွေ့စောင်းစပြုပြီ။
ရန်သူ့စခန်းတစ်ဝိုက် နေရာယူထားကြသော တပ်ဖွဲ့များလည်း ဆက်သွယ်မိကြပြီ။

စစ်သုံးနာရီလေးကို တစ်ချက်ငုံ့ကြည့်ပြီး ခေါင်းဆတ်အပြ ဗိုလ်မှူး ဝမ်ရိကျိုး၏ အသံဝါကြီး။

"တက်..........."

လက်နက်ကြီးအဖွဲ့က ပစ်ကူပေးနေကာ ရန်သူ့စခန်းရှိရာ တောင်ကုန်းထက်မှာ မီးခိုးလုံးကြီးက ဝုန်းခနဲတက်လာသည်။

ပျားပန်းခတ်နေသည့် ရန်သူများက ရုတ်တရက် အငိုက်မိသွားတာကြောင့် မီးညွန့်တွေကြားမှာ ဝရုန်းသုန်းကား ဖြစ်နေတာ မှန်ပြောင်းမြင်ကွင်းထဲမှာ အထင်းသား။

အမာခံစခန်းကြီးမို့ လျှော့တွက်၍တော့မရ။ ပစ်ကူပေးနေတုန်း အသေခံ တိုးထွက်လာသည်များကို ပစ်ရှင်း ရှင်းရသေးသည်။

"ဟောက်ရွှမ်း....အတင်းမတက်နဲ့...အခြေအနေကြည့်...."

ကျည်အိမ်လဲပြီး တောက်လျှောက် ပစ်နေတုန်း ထရပ်ပစ်နေသည့် ဟောက်ရွှမ်းကို သတိပေးရင်း ဟိုက်ခွမ်းဘက်ကို လှမ်းကြည့်တော့ အခြေအနေ မဆိုး။

"အား....ဗိုလ်ကြီး....ကျွန်တော်....ကျွန်တော် ထိသွားပြီ..."

သက်ပြင်းချမဆုံးခင် ပြားနေအောင် ဝပ်ချရင်း နှာခေါင်းထယ်ထိုးနေသည့် ကျောက်လုံ။

ဂလည်အူကြောင်မို့ အဝေးမခိုင်းပဲ အနားထားတာကြောင့် တစ်ချက်မှမပစ်ရသေးတာ သိနေသော ရှောင်းကျန့် မျက်မှောင် တွန့်ခနဲ။

My Heart Belongs To A Soldier_Completed [ Z&U ]Wo Geschichten leben. Entdecke jetzt