အပိုင်း(၅)

1.8K 143 2
                                    


ဒေါက် ဒေါက်

သွန်းအိပ်ချင်မူတူးခေါင်းစုတ်ဖွားဖြင့်တံခါးလေးဖွင့်ပြီး
"အာ....နင်ရောက်လာပြီလား
ငါလည်းမိုးအေးအေးနဲ့ကျောင်းပိတ်ရက်ဆိုတော့အိပ်ကောင်းနေတာ"

လက်ထဲကအထုပ်ပေါင်းစွာနဲ့ဖြူကတော့တဝါးဝါးသန်းနေတဲ့သွန်းကိုကြည့်ပြီး
"နင်ပဲလျှောက်လည်ကြမယ်ဆိုပြီး
ဖုန်းမကိုင်တည်းကငါသဘောပေါက်ပြီးသားပါ....ရော့ရော့နင့်ကြိုက်တဲ့မုန့်တွေရယ်
ကြေးအိုးရယ်"

"ဝိုး....မိုးအေးအေးနဲ့ကြေးအိုးလေးဆွဲလိုက်ရင်တော့အမိုက်စားပဲ"

ဖြူအထုပ်တွေသွန်းလက်ထဲကိုထည့်လိုက်ပြီးဆိုဖာမှာထိုင်ချလိုက်လေသည်၊၊သွန်းကတော့မီးဖိုချောင်ထဲဝင်ပြီးအထုပ်တွေကိုပန်းကန်ထဲထည့်လေသည်၊၊

ဖြူနံရံပေါ်ကသွန်းပုံလေးတွေကိုမြင်တော့မတ်တပ်ထပြီးတစ်ပုံခြင်းစီသွားကြည့်လေသည်၊၊

"ဖြူ...လာကူဦး"

သွန်းခေါ်သံကြောင့်ဖြူမီးဖိုချောင်ထဲဝင်ပြီးပန်ကန်းတွေအရှေ့ကိုကူသယ်ပေးသည်၊၊

"ဖြူ....ခဏလေးစောင့်နော်
ငါမျက်နှာသွားသစ်လိုက်ဦးမယ်"

"သွားသွား....ငါသာမလာရင်ဘယ်ချိန်ထိအိပ်မလဲမသိ"

ဖြူမျက်စောင်းလေးထိုးပြီးပြောတော့သွန်းပြုံးစိစိဖြင့်ဖြူမပျင်းအောင်TVလေးဖွင့်ပေးကာထွက်သွားလေသည်၊၊

ခဏကြာတော့သွန်းပျာပျာသလဲလဲဖြင့်ဖြူ့ဘေးထိုင်ပြီး
"စားရအောင်"

ဖြူသူ့ပန်းကန်ထဲကငုံးဥလေးကိုသွန်းပန်ကန်ထဲသို့ထည့်ပေးလိုက်သည်၊၊

သွန်းပြုံးပြီး
"ငါ့မှာလည်းပါတယ်လေ....ဟီး"

သူမကြိုက်တာဖြူသိတာမို့တမင်ထပ်ပေးလိုက်သည်ကိုသူမကောင်းကောင်းကြီးသိပါသည်၊၊

သွန်းTVကရုပ်ရှင်ကိုကြည့်နေရင်းဖြူလက်မောင်းလေးကိုလှမ်းရိုက်ပြီး
"ကြည့်စမ်း....ကြည့်စမ်း
ယောကျ်ားတွေဒီအချိုးပဲသိလား....
တွဲခါစအချိုးကတစ်မျိုးကြာတော့တွေ့လား ပါးရိုက်ချင်စရာ"

သူငယ်ချင်းထက်ပိုသောNơi câu chuyện tồn tại. Hãy khám phá bây giờ