အပိုင်း(၈)

1.7K 133 9
                                    

ဖြူသူမပေါင်ပေါ်မှာထိုင်နေတဲ့သွန်းကိုစတော်ဘယ်ရီသီးလေးပါးစပ်ထဲထည့်ကျွေးလိုက်သည်၊၊သွန်းကTVကိုသာအာရုံစိုက်ပြီးဝါးလေသည်၊၊

"သွန်း"

"ဟင်"

ဖြူသွန်းခါးလေးကိုဖက်ထားပြီး
"မမကိုဖြူတို့အကြောင်းပြောပြတော့မယ်"

သွန်းဖြူ့စကားကြောင့်ခေါင်းလေးလှည့်လိုက်ပြီး
"သွန်းပြောတာတစ်မျိုးတော့မထင်နဲ့နော်
ဘယ်သူ့ကိုမှမသိဘဲသွန်းတို့ပဲအေးအေးဆေးဆေးဖြစ်နေကြတာမကောင်းဘူးလားဟင်"

"ဖြူကတော့ခိုးပြီးမချစ်ချင်ဘူး....
ဒါကကိုယ့်ချစ်သူပါဆိုပြီးလူတကာကိုသိစေချင်တာ"

သွန်းလည်းတားမရတော့ခေါင်းလေးညိမ့်ပြီးဖြူသဘော့ကိုသာလက်ခံလိုက်လေသည်၊၊

"မမကိုဖြူပြောစရာရှိတယ်"

ဖြူကြောင့်အမဖြစ်သူကွန်ပြူတာရှေ့ကထပြီးဖြူ့အနားသို့သွားထိုင်လိုက်လေသည်၊၊

"ပြောလေဖြူ"

ဖြူလက်သီးလေးဆုပ်ပြီးအောက်နှုတ်ခမ်းလေးအသာကိုက်ပြီး
"ဖြူ့မှာချစ်သူရှိနေပြီ"

"ဟင်....ဘယ်လိုဖြစ်ပြီး
အင်းဒါဆိုလည်းညည်းကောင်လေးကိုငါ့ဆီအကဲခတ်ရအောင်ခေါ်ခဲ့လေ"

ဖြူထပ်ပြီးအရဲစွန့်ကာ
"ကောင်လေးမဟုတ်ဘူးမမ
ဖြူနဲ့ဟိုးကလေးဘဝတည်းကသိလာခဲ့တာ....ကစ်လေးရဲ့အတန်းပိုင်ဆရာမ"

"ဘာ....ဖြူနင်ရူးနေလား
မိန်းမအချင်းချင်းကို"

ဖြူမတ်တပ်ထရပ်လိုက်ပြီး
"မသိဘူး....ဖြူမမကိုခွင့်တောင်းနေတာမဟုတ်ဘူး အသိပေးတာ"

ဖြူပြောချင်ရာပြောပြီးထထွက်သွားလေသည်၊၊အမဖြစ်သူကဖြူခေါင်းမာမှန်းသိတာမို့သေချာစဥ်းစားပြီးအကြံထုတ်လေသည်၊၊

"ဖြူ....တားမရလည်းမပြောတော့ဘူး
ဒီနေ့ထမင်းလက်ဆုံစားဖို့ခေါ်လာခဲ့"

ဖြူခုမှပဲမျက်နှာလေးသာသာယာယာဖြင့်ကစ်လေးကိုသွားကြိုလေသည်၊၊

"တီလေး"

ဖြူကစ်လေးကိုချီပြီး
"ဒီနေ့သမီးတီချယ်ကတီလေးတို့ဆီလိုက်လည်မှာ"

သူငယ်ချင်းထက်ပိုသောNơi câu chuyện tồn tại. Hãy khám phá bây giờ