အပိုင်း(၆)

1.7K 136 2
                                    

ဖြူနံရံကနာရီလေးကိုကြည့်ပြီး
"ကစ်လေး....
သမီးဗိုက်ဆာရင်စားနှင့်လိုက်ပါလား"

ကစ်လေးခေါင်းလေးခါပြီး
"မေမေကိုစောင့်မှာတီတီ"

ကစ်လေးမွေးနေ့မို့ဖြူအကုန်ပြင်ဆင်ပြီးစောင့်နေသော်လည်းအမဖြစ်သူပြန်လာသေးတာကြောင့်ညစာမစားပဲစောင့်နေလိုက်ကြသည်၊၊

ခဏကြာတော့

ကားသံကြားတာမို့ကစ်လေးက
"ဟာ....မေမေပြန်လာပြီ"ဆိုကာပြေးသွားလေသည်၊၊

"မေမေကလည်းကြာကြီးပဲ....
ကစ်လေးနဲ့တီတီကစောင့်နေကြတာ"

အမေဖြစ်သူလက်လေးဆွဲကာစားပွဲလေးဆီသို့.....

"ဖြူ....ဘာတွေလဲ
ခုထိညစာမစားကြသေးတာလား"

ကစ်လေးကအမေဖြစ်သူမော့ကြည့်ပြီး
"ကစ်ကစ်မွေးနေ့လေမေမေ"
နှုတ်ခမ်းလေးဆူကာပြောလေသည်၊၊

"သြော်....Happy Birthdayပါကွယ်
တီတီနဲ့စားလိုက်ကြနော်
မေမေရေချိုးပြီးနားတော့မယ်"

နွယ်ဖြူသျှင်အမဖြစ်သူကိုကြည့်ပြီး
"ကလေးရဲ့မွေးနေ့တောင်မသိတာဘယ်လိုအမေလဲ....ညစာလေးတူတူစားပေးဖို့ကိုအဲ့လောက်တောင်ခက်ခဲလား"
ဖြူလေသံမာမာနဲ့အော်ဟစ်လိုက်လေသည်၊၊

"ဖြူ....ဘာလို့အော်ဟစ်နေတာလဲ
နင်မရှိတုန်းကလည်းဒီကလေးဒီလိုပဲအိမ်အကူတွေနဲ့နေနေကြ....ဘာတွေအကဲပိိုနေတာလဲ....ငါအလုပ်ကပင်ပန်းတာတစ်မျိုးနင်တို့ကတစ်မျိုး"

"ဘာ"

ဖြူစိတ်တိုပြီးစားပွဲပေါ်ကကိတ်မုန့်နဲ့အစားအစာတွေကိုမှောက်ချပစ်လိုက်သည်၊၊

ခွမ်း.......

လူကြီးနှစ်ယောက်ရဲ့ပြသနာကြားကစ်
လေးလန့်ပြီးမျက်ရည်တွေကျလာလေသည်၊၊

"ခင်ဗျားခေါင်းထဲဒီကုမ္ပဏီ ဒီအလုပ်ပဲရှိတာလား....မိခင်မေတ္တာရောခင်ဗျားမှာရှိရဲ့လား....ခင်ဗျားတို့လူကြီးကြားကပြသနာကိုကလေးပေါ်ပုံမချပါနဲ့"

"နွယ်ဖြူသျှင်....
ငါနင့်ထက်အကြီးနော်
မိုက်ရိုင်းမနေနဲ့"

အမဖြစ်သူဖြူ့ကိုအော်ဟစ်ပြီးအပေါ်ထပ်သို့တက်သွားလေသည်၊၊အိမ်အကူကောင်မလေးတွေကကပျာကပျာပန်းကန်ကွဲစတွေနဲ့ပေပွနေတာတွေကိုလာရှင်းကြလေသည်၊၊

သူငယ်ချင်းထက်ပိုသောDove le storie prendono vita. Scoprilo ora