အပိုင်း ၁၁

1.9K 24 0
                                    

(  11   )

မှောင်ရီသမ်းစပြုနေသည့် နွေညနေခင်းက လင်းချင်းစွာဖြင့် အမှောင်ဘက်ကူးပြောင်းဖို့ ပြင်နေသည်။
နေကြီးတို့ အိမ်ထဲမှာ အရပ်ထဲမှ လူများ ဝင်လိုက်ထွက်လိုက်ဖြင့် ရှုပ်ယှက်ခတ်နေကြသည်။

ကားပေါ်မှဆင်းလာသည့်နေကြီးရဲ့အမူအယာကကြောင်တိကြောင်နဖြစ်နေမှန်းသိသာသည်။

"ဦးလေး..."

နေကြီးအဖေရဲ့ မျက်နှာပြင်ထက်က သောကအရိပ်အယောင်နှင့်မျက်ရည်စက်တချို့တို့ ကိုမြင်လိုက်ရတော့ ရင်ထဲမှာ လှိုင်းထန်နေသလို လူးလူးလိမ့်လိမ့်ဖြစ်သွားသည်။

"မင်းသူငယ်ချင်း....မရ...မရတော့ဘူးတဲ့"

"ဟင့်အင်း....ဘာလို့မရရမှာလဲ ဦးလေးဘာတွေပြောနေတာလဲ"

"မောင်ထွန်း...ဘာတဲ့လဲ အခြေအနေလေး ပြောပြဦးကွာ တရပ်ကွက်လုံး စိတ်မကောင်းဖြစ်နေတာ "

"အခြေအနေက သူ...ခွေးရူးပြန်လက္ခဏပြနေပြီမို့ ဘယ်လိုကုကုမရတော့ဘူးတဲ့...သူ့နောက်ဆုံးအချိန်လေးကိုငြင်ငြင်သာသာဖြစ်ဖို့ပဲ...."

"အို...."

ငိုချလိုက်သည့်အသံ...မေးသံမြန်းသံတို့ဖြင့်ဆူညံသွားသည်။

"ငါ့သား...မင်းအမေတို့ ရောက်လာတော့မှာခဏလေးစိတ်ထိန်းထားဦးနော်"

ကိုစစ် အိမ်အတွင်းထဲသို့ ဝင်လိုက်ပြီး လှမ်းကြည့်လိုက်တော့နေကြီးရဲ့လက်နှစ်ဘက်ကို ကြိုးနဲ့ချည်ထားသလို ခြေထောက်နှစ်ဘက်ကိုပါ ကြိုးနဲ့ပူးတုပ်ထားတာတွေ့လိုက်ရသည်။

ဘုရားရေ....
ဟင့်အင်း....
မလုပ်ပါနဲ့ အဲ့ဒီလိုကြီး နေကြီးကို ကြိုးနဲ့တုပ်မထားပါနဲ့....

ပါးစပ်မှ သွားရည်တချို့ ယိုစီးကျနေသည့် နေကြီးကို သုတ်ပေးဖို့ ပြင်လိုက်တော့...
"မထိနဲ့...သွားရည်တွေကိုမထိနဲ့...ကိုစစ် မင်းပြန်တော့ကွာ ငါ့တူရာ လိမ္မာပါတယ်နော်..."

"ဝုန်း....."
"အမလေး..."
"ဟဲ့ဟဲ့...လုပ်ကြဦး ရုန်းနေပြီ..."

"ဒုန်း...."
"အူး...အူး....အူး...."
"ဟင်း...ဟဲ...ဟင်း....ဟဲ..."

တိမ်စိုင်တို့နောက်ကွယ် ...Where stories live. Discover now