အပိုင်း ၅

1.8K 36 0
                                    

(5)

ပူပြင်းခြောက်သွေ့တဲ့နွေနံက်ခင်းရဲ့အစပျိုးနေရောင်ခြည်ကြီးထွက်ပေါ်လာပုံက
ပျင်းရိငြီးငွေ့စရာကောင်းလှသည်။

စွပ်ကျယ်လက်ပြတ်ကိုမှ ပခုံးပေါ် အထုံးလေးဖြစ်အောင် ထုံးထားကာ လ္ဘက်ရည်ကိုခြင်းကုံးတခုထဲအိပ်စွပ်သောက်နေတဲ့ ကိုစစ်ရဲ့မျက်ဝန်းတွေက အိပ်ရေးမဝသေးဟန်ဖြင့် နီစပ်စပ်ဖြစ်နေသည်။

"ဘာယူမှာလဲ...ပဲပြားက ကုန်နေပြီ...ကိုက်လန်တွေဒီနေ့လှတယ် ဘယ်နှစ်စည်းယူမှာလဲ"

ဈေးဝယ်သူကို လှမ်းအေးအပြီးခြင်းကုံးထဲမှ လ္ဘက်ရည်ကို ဂလွတ်ကနဲနေအောင် သောက်ချလိုက်တဲ့ကိုစစ်တစ်ယောက် ရှေ့တည့်တည့်မှလာရပ်သော လူတစ်ယောက်ကိုမော့ကြည့်လိုက်သည်။

"ဟာ...နေကြီး...အိပ်ယာထတာ စောလှချည်လား..."

နေကြီးရဲ့စိတ်ပျက်လက်ပျက်အမူအယာဖြင့်ကြည့်လိုက်သည့်အကြည့်တို့ကြောင့် ကိုစစ်ရှေ့ဆက်ရမည့်စကားတို့ကို ဆက်မပြောပဲကြောင်အမ်းအမ်းဖြစ်သွားချိန်

"လ္ဘက်ရည်ကိုဘာလို့အဲ့ဒီလိုသောက်နေပြန်တာလဲခွက်ဝယ်ပေးထားတာ ဘယ်ရောက်သွားလဲ"

"မင်းဝယ်ပေးထားတဲ့ခွက်က ဘယ်သူဆွဲသွားမှန်းမသိပါဘူး...ဟိုမယ်မုန့်ချိတ်ထားတယ် ယူစားလိုက် နေကြီး"

မုန်ညင်းဖြူတို့ ချိန်ခွင်ထဲ ထည့်ချိန်ပေးနေရာမှ နေကြီးကို လှမ်းကြည့်လိုက်သည်။

"ငါအိမ်ကစောင့်နေမယ်...နေ့လည်ထ္မင်းစားချိန် အိမ်လာခဲ့ ပြောစရာရှိလို့"

"ဟမ်....ခု..."

"လျှာမရှည်နဲ့ အိမ်လာခဲ့ဆိုလာခဲ့လေ"

ဒေါသသံတို့ရောစွက်ပြောလာသည့် နေကြီးမျက်နှာပြင်ပေါ်က သောကရိပ်တို့ကို မြင်လိုက်ရချိန် ပြောမည့်စကားသံတို့ မပြောဖြစ်တော့ပဲ ဆွံ့အတိတ်ဆိတ်သွားသည်။

စေ့ထားသော တံခါးကို ဖွင့်လိုက်ကာ အိမ်ထဲသို့ ဝင်လိုက်သည်။

"နေကြီး...နေကြီး"

တိတ်ဆိတ်ငြိမ်သက်နေသော အိမ်ထဲမှာ
အော်ခေါ်သံခပ်သဲ့သဲ့ထွက်ပေါ်လာသည်။

တိမ်စိုင်တို့နောက်ကွယ် ...Donde viven las historias. Descúbrelo ahora