အပိုင်း ၄

2.1K 31 0
                                    

(4)

"မှီလိုက်တာကွာ ပက်ကျိက အရှုံးပေးရလောက်အောင်ပျင်းရိမနေနဲ့"

"ဘာလဲ မင်းကငါမှီတာ မကြိုက်ဘူးလား"

"တွေ့တိုင်းငါ့ရင်ဘတ်ထဲနောက်ကျောမှီထိုင်ချင်နေတာလွန်လွန်းတယ်လို့မထင်ဘူးလားကားပေါ်လည်းအမြဲမှီအိပ်နေတာ မင်းကပျင်းကိုပျင်းလွန်းပါတယ်ကွာ"

"သေလိုက်လေမင်းရင်ခွင်ထဲမို့ငါမှီတာပေါ့တခြားသူတွေဆိုအသားချင်းတောင်မထိချင်ဘူး"

"ဘာလို့လဲ..."

"ရွံလို့နောက်ပြီးချွေးတွေဘာတွေကတဆင့်ညှင်းတို့ဘာတို့ကူးမှာကြောက်လို့သိလား"

"ဟဟာဟားကိုစစ်ရာငါ့ချွေးကနေဘာတွေညာတွေကူးမှာကျ မကြောက်ဘူးလား"

"မင်းဆီက ဘာကူးကူး မကြောက်ဘူး နောက်ပြီးမင်းကအမြဲသန့်ပြန့်နေတဲ့လူဆိုတော့ ငါစိတ်ချတယ်လေ ငါကသာ ပေစုတ်စုတ်နဲ့ အမြဲညစ်ပတ်နေတာမို့ မင်းရင်ခွင်ထဲဝင်နေမိတိုင်း အားနာနေရတာ သိလား"

"တော်စမ်းပါကွာ မင်းငါ့ရင်ခွင်ထဲ တိုးဖက်လိုက်တိုင်းငါ့မှာရှိတဲ့စိတ်ညစ်နေသမျှတွေပျောက်သွားတယ်သိလား...အဲ့ဒါဘာလို့လဲမသိဘူး"

ခပ်ဖျော့ဖျော့လေသံတွေထဲက အကြင်နာရဲ့အရိပ်အယောင်တွေကို နှလုံးသားထဲကနေ ခံစားသိလိုက်ရတော့ ကိုစစ်တစ်ယောက် မျက်ရည်တွေဝဲလာသည်အထိကြည်နူးသွားရသည်။
ဒါပေမဲ့နှုတ်ဖျားကထွက်လာသည့် ရယ်ဟဟလေသံတို့မှာလှောင်ပြောင်လိုရိပ်တွေအပြည့်ဖြင့် ပြောချလိုက်မိသည်။

"စကားတွေ သိပ်တတ်နေပါလား မင်းငါ့ကိုများကြိုက်နေတာလားဟင်...ဟီးဟီးဟီး"

" ယောင်္ကျားချင်း ဘာလုပ်ဖို့ ကြိုက်ရမှာလဲ...ခုနကကျ သေတော့မလိုလိုရုပ်နဲ့ခုကျတော့ ပြီတီတီရုပ်လုပ်ပြနေပြန်ပြီ...မင်းကို အဲ့ဒီလိုခံစားလွယ်မေ့လွယ်ပျောက်လွယ်စိတ်ဓာတ်ရှိလို့ မကြိုက်တာသိလား ဘယ်လောက်ခံစားနေရနေရ ဒုက္ခတွေဘယ်လောက်ကြုံရကြုံရ အလေးအနက်မထားသလိုနဲ့ဘာဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးဖြစ်အောင်လုပ်ချပြစ်လိုက်တဲ့စိတ်ဓာတ်ကိုငါမကြိုက်ဘူး..."

တိမ်စိုင်တို့နောက်ကွယ် ...Where stories live. Discover now