အပိုင်း ၁

4.6K 50 0
                                    

(1)

ချမ်းစိမ့်စိမ့်လေအေးတို့တိုးဝှေ့တိုက်ခတ်မှု့ကြောင့်စောင်စအောက်မှလွတ်နေသောခြေဖျားတို့အေးကနဲဖြစ်သွားသည်။တွန့်ကနဲကုတ်ကပ်သွားသော ခြေဖျားတို့ကိုစောင်အဖျားဖြင့်လုံးထွေးလွှမ်းခြုံဖို့ကြိုးစားလိုက်သည်။

"ချမ်းနေပြီလား ကိုစစ်"

"ခြေဖျားက စောင်လွတ်သွားတော့ အေးတာကွာ"

"လာလေ ငါ့စောင်ပိုင်းထဲ ခြေထောက်ကွေးထားပြီး ငါပခုံးပေါ်မှီအိပ်လို့ပြောနေတာကို"

အလိုမကျသည့်လေသံဖြင့် ပြောလိုက်ခြင်းနှင့်အတူ ကိုယ်လုံးလေး နှစ်ခုပူးကပ်သွားသည်။

"ချမ်းလိုက်တာကွာဒီဘဝက ဘယ်တော့လွတ်ပါ့မလဲမသိဘူး"

"တော်ပြီကွာ မနက်ဈေးရောင်းရဦးမှာ ငြိမ်ငြိမ်ငိုက်လိုက်ခဲ့"

ကုန်စိမ်းတင်ဆောင်လာသော ဒိုင်နာကားက ကားလမ်းမပေါ်  တအိအိဖြင့်မောင်းနှင်နေကာ ကားခေါင်မိုးပေါ်မှ ကုန်ပစ္စည်းတွေကြား အိပ်လျက်လိုက်ပါလာသော လူငယ်လေးနှစ်ယောက်ကချမ်းအေးသည့် ဆောင်းနှင်းစက်တွေရဲ့အောက်မှာ တဦးကိုတဦးတင်းကျပ်စွာပွေ့ဖက်ထားလျက် လိုက်ပါလာခဲ့သည်။

တိမ်စိုင်တို့နောက်ကွယ် ...Where stories live. Discover now