"ကိုကို"

"အင်း"

"နေကြာပန်းတွေမှာ အဓိပါယ်ရှိတယ် လို့ပြောကြတယ်"

"ဟုတ်လား ကိုကို မသိဘူး"

"အွန်း အများကြီးပဲ ငယ် သဘောကျတာတစ်ခုက " ပျော်ရွှင်မှု " တဲ့"

"ပျော်ရွှင်မှု?"

"ဟုတ်တယ် ကိုကို က ငယ့် ကိုပျော်ရွှင်စေတဲ့သူ ပဲလေ"

"ကိုကို့ ကြောင့်... မဟုတ်ဘူး
ကိုကို ငယ့် အတွက် ပျော်ရွှင်ခြင်းတွေပဲ ယူဆောင်လာပေးမယ် ကိုကို့ ကြောင့် ငယ် ဘယ်တော့မှ မနာကျင်စေရဘူး"

Yeol 'ငယ် နာကျင်ခဲ့ရတာ' လို့ပြောဖို့ပေမယ့် ငေးကြည့်နေတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေကြောင့် မပြောဖြစ်ခဲ့တာ

"ထပ်ပြီးနာကျင်ရရင် ကိုကို့ ကိုလုံးဝမခေါ်တော့ဘူး"

"ဟုတ်ပါပြီ အဆိုးလေး ရယ်"

ပျော်သွားတဲ့ Kyung Soo မျက်နှာလေးက Yeol မှတ်ဉာဏ်ထဲမှာ ဘယ်တော့မှပျောက်မသွားမယ့် ရုပ်သွင်လေးတစ်ခုပဲ

နေကြာရိုင်းခင်းထဲမှာ ပြေးသွားနေတဲ့ Kyung Soo ရဲ့ပုံရိပ်လေးကို Yeol အသေးစိတ် ဖုန်းနဲ့မှတ်တမ်းတင်နေလေရဲ့

*************************

"ငယ်"

"ဟင်"

ဝက်သားဆလပ်စားနေတဲ့ Kyung Soo ကို Yeol ခေါ်လိုက်တော့ မျက်လုံးဝိုင်းလေးတွေနဲ့ မော့ကြည့်လာတယ်
ပြေးရတာမောလို့ ဗိုက်ဆာပါတယ် တဲ့လေ

"ကိုကို တို့ရုပ်ရှင်သွားကြည့်ကြမလား"

"အွန်း"

Yeol လက်မှတ် ကြိုမှာထားလိုက်တယ်
Kyung Soo  horror movie မှမကြည့်တာလေ ဘာမှန်းမသိပဲ ခေါင်းငြိမ့်လိုက်တာက အဟင်းဟင်း🌝

"ကိုကို အာ~ "
Yeol ခုနကင်ပေးနေတဲ့ ဝက်သားနဲ့ဆလပ်ထုပ်ပြီး ခွံ့ကျွေးနေတဲ့ Kyung Soo

"စားကောင်းလား"

"ကောင်းတာပေါ့ ငယ် ကျွေးတာပဲ"

"အွန်း😁"

ပါးဖောင်းဖောင်းလေးတွေနဲ့ မျက်လုံးလေးတွေမှိတ်တဲ့ထိ ရယ်နေတဲ့ Kyung Soo

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now