"ဘယ်လိုရောက်လာပြန်တာလဲ"

စားပွဲမှာဝင်ထိုင်ရင်းမေးလိုက်တဲ့ Sehun

"အကို ဖြည်းဖြည်းလုပ်မှပေါ့"

စွာစိလန်လေးက Sehun ကိုပြန်ရန်တွေ့လိုက်သေးတယ်
ဟုတ်တယ်လေ သူတောင် နာမှာစိုးလို့ ဖြည်းဖြည်းရိုက်တာကို အားကြီးနဲ့

"ဟုတ်ကဲ့ပါ နောက်ဆိုဖြည်းဖြည်းရိုက်ပါမယ်"

"မင်းကလည်း ပိုကိုပိုလွန်းတယ်"

"လိုတောင်လိုသေးတယ်"

"အော်..."

Baek ပါအပြောခံလိုက်ရပြီ😄

"ကိုကို ရလား"

"အင်း ရပြီ ငယ်
ဖြည်းဖြည်းလုပ်ကွ စားနေတဲ့အချိန်ကို"

"မေ့သွားလို့ ဟဲဟဲ"

လုပ်ပြီးမှ ပြောင်စပ်စပ်နဲ့ Sehun ရယ်

"တော်သေးတယ် နင်ပြီးမသေလို့"

"မသေတာထားအုန်း ဘယ်လိုရောက်လာတာလဲ"

"ဆိုင်ကယ်နဲ့"

"အော် အေး"

"မင်းတို့ကဘယ်သွားလို့ ငယ် တစ်ယောက်တည်း ဖြစ်နေရတာလဲ"

Yeol မေးလိုက်မှ တောင်ကြည့်မြောက်ကြည့်လုပ်နေတဲ့ Sehun နဲ့ မျက်နှာရဲတက်လာတဲ့ Baek

"ဘယ်သွား... အော် စာအုပ်... စာအုပ်သွားထုတ်တာ ဒီမှာ"

Baek လက်ထဲကစာအုပ်ကို လက်ညှိုးထိုးပြီးပြောနေတဲ့ Sehun

"ဟုတ်တယ် အကို😁"
Baek's pov: တော်သေးတယ် စာအုပ်ကယ်လို့ ဟူး.....

"Sehun"

"အေး"

"ဒါရှင်းလိုက်ဦး ငါသွားပြီ"

"ခွေးကောင် ပိုက်ဆံမပါဘဲနဲ့.....!("#&:/ "

Sehun ပြောတာနားမထောင်တော့ဘဲ ထြက္လာတဲ့ Yeol နောက် Kyung Soo အပြေးလိုက်ရပြန်တယ်

"ကိုကို "

"အင်း ငယ်"

"ဘယ်သွားမလို့လဲ"

"ခနစကားမပြောဘဲလိုက်ခဲ့"

တဖြည်းဖြည်းရောက်သွားတာက တက္ကသိုလ်ပန်းခြံ
ဆောင်းဦးမှာပွင့်တတ်တဲ့ Aster, Acacia, Snowdrop, Night Flowering Jasmine လေးတွေက ပန်းခြံကိုအရောင်စုံစေတယ်
မြက်ပင်နုနုလေးတွေနဲ့ အပင်ပုဝိုင်းဝိုင်းလေးတစ်ချို့ရှိပြီး ခပ်လှမ်းလှမ်းမှာ စားပွဲတစ်ခု ထိုင်ခုံရှည်နှစ်ခုနဲ့ အမိုးလေးလည်းပါတဲ့ အေးဆေးထိုင်လို့ရမယ့် shelter တစ်ချို့လုပ်ပေးထားသေးတယ်
နောက်ဘက်မှာက ပန်းဆိုင်ရှိတယ် Catcus လိုအပင်တွေကို အိုးသေးလေးတွေနဲ့ စိုက်ပြီးရောင်းတာ

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now