“ဖေဖေ နွားနို့လေးသောက်လိုက်ပါအုန်း” စုပေက နောက်နည်းနည်းဆုတ်လိုက်ပြီး ရိုကျိုးစွာရပ်နေခဲ့တယ်။ သူမက ရုတ်တရက်ပဲ Mr.ချင်ရဲ့စားပွဲပေါ်က မှတ်စုစာရွက်အနည်းငယ်ကို သတိထားမိသွားခဲ့တယ် : ‘မင်ယွဲ့’ , ‘မင်ကျန့်’ , ‘ဟွာကျင်း’ , ‘ဟွာယွိ’ , ‘ယွိ’...

ဒါတွေကဘာတွေလဲ?

စုပေကအဖြေရှာမရခဲ့ဘူး။

လက်ထဲကနွားနို့ခွက်ကိုကြည့်ရင်း ချင်ရှောက်ကနှုတ်ဆိတ်နေခဲ့တယ်။ ကလေးတွေနဲ့ရက်နည်းနည်းလောက် နေထိုင်ခဲ့ပြီးနောက်မှာတော့ သူက သူတို့ရဲ့စိတ်နေစိတ်ထားတွေအကြောင်း ဖြည်းဖြည်းချင်းနဲ့ အများကြီး လေ့လာနိုင်ခဲ့တယ်။ စုပေက သူ့ရှေ့မှာဆိုရင် သတိထားဆက်ဆံနေပေမယ့် သူမက ပုံမှန်အားဖြင့် အေးအေးဆေးဆေးနေလေ့ရှိတဲ့သူဖြစ်ပြီး အနည်းဆုံးတော့ အခုလက်ရှိ သူမပုံစံလိုမျိုးတော့မဟုတ်ဘူး။ ဒါမှမဟုတ်ဘူးဆိုရင်တော့...သူမတစ်ခုခုလိုချင်နေလို့ပဲဖြစ်ရမယ်။

ဒီနွားနို့ခွက်လေးက စုပေရဲ့တောင်းဆိုမှုအတွက် အပေးအယူပစ္စည်းအနေနဲ့တောင် ပိုတူနေသေးတယ်။ ချင်ရှောက်က သဘောကျသလိုခံစားခဲ့ရပြီး သူ့နှုတ်ခမ်းတွေက အနည်းငယ်ကွေးညွှတ်သွားခဲ့တယ် : “ဘာလိုချင်လို့လဲ?”

စုပေ : “ဖေဖေ, သမီးကိုအဖေ့ရဲ့ ID ကဒ်လေးငှားပေးလို့ရမလားဟင်?”

ချင်ရှောက်က ခဏလောက်ကြောင်တောင်တောင်ဖြစ်သွားခဲ့ပြီး စုပေကို သေသေချာချာကြည့်လိုက်တယ်။

“ဟိုဟာလေ...သမီးကအွန်လိုင်းပွဲတော်တစ်ခုမှာဝင်ပါလိုက်တာ, အဲဒါသမီး တကယ့်နာမည်အစစ်နဲ့ ID နံပါတ်တစ်ခုလိုနေလို့ပါ...” စုပေကရှင်းပြလိုက်တယ်။

‘Red Hacker Challenge’ မှာ ပါဝင်ယှဉ်ပြိုင်သူတွေအနေနဲ့ အတည်ပြုထားတဲ့ သက်သေခံအထောက်အထား အစစ်အမှန်တွေကိုသာ အသုံးပြုရန်လိုအပ်တာကြောင့် အိမ်ထောင်စုစာရင်းမှတ်ပုံတင်တောင်မရှိတဲ့ စုပေခမျာ မပေးနိုင်လေဘူး။ သို့ပေသိ တစ်ချို့သောအသက်မပြည့်သေးတဲ့ အရည်အချင်းရှိလူငယ်လေးများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် စဉ်းစားပေးတဲ့အနေနဲ့ ပွဲစီစဉ်သူများက ညှာတာထောက်ထားစွာနဲ့ ခြွင်းချက်စကားစု တစ်ခုကို ထည့်သွင်းပေးခဲ့တယ် : အရွယ်မရောက်သေးသော ပါဝင်ယှဉ်ပြိုင်သူများအနေနဲ့ သက်သေခံ အထောက်အထား အစစ်အမှန်ဖြစ်ကြောင်းအတည်ပြုခြင်းအတွက် မိမိတို့အုပ်ထိန်းသူတွေ၏ ID ကို တင်ပြနိုင်ပါသည်။

ငါတို့တစ်မိသားစုလုံးက ဗီလိန် [ဘာသာပြန်] {Complete}Där berättelser lever. Upptäck nu