Part 30 🔞🔞

3.1K 102 8
                                    

Ae POV:

မနက်ဆိုအစောကြီးနိုးနေတတ်သည့် အကျင့်ကြောင့် ညက ဘယ်လောက်ထိနောက်ကျမှအိပ် အိပ် မျက်လုံးကပွင့်နေကျအချိန်အတိုင်းပွင့်လာသည်။ဘေးနားက ချစ်စရာကောင်းလွန်းသည့် ကောင်လေးကတော့ ပင်ပန်းပြီး အိပ်မောကျနေတုန်းပင်။

Ae Pete ကိုစောင်တွေနဲ့လုံးထွေးဖက်လိုက်ကာ ရင်ခွင်ထဲဆွဲယူပြီး ပါးလေးတွေကိုလိုက်နမ်းလိုက်သည်။

"Aeee မလုပ်နဲ့ Pete အိပ်အုန်းမယ်"

မျက်လုံးလေးပိတ်လျက်နဲ့ အိပ်ချင်မူးတူးပြောလာတဲ့ အသံလေးက Ae ကိုမနေ့ညကအခိုက်အတန့်တွေပြန်မြင်ယောင်လာစေသည်။

"အာ မလုပ်နဲ့လို့ Ae တော်တော့"

"Babe ကလဲ ထတော့ကွာ ကိုယ်တို့တစ်ခုခုစားရအောင်လေ"

Ae Pete မျက်နှာပေါ်ကိုနေရာလပ်မကျန်အောင် အနမ်းတွေဆက်တိုက်ပေးနေလေသည်။

"အာ!! တကယ်ပါဘဲ တော်ပါတော့ဆို"

Ae ကိုတွန်းဖယ်ပြီး ကုတင်ပေါ်ထထိုင်နေသည့် Pete ပုံလေးကို ကြည့်ပြီး Ae အသဲတယားယားဖြစ်နေလေသည်။ဆံပင်တွေရှုပ်ပွနေကာ ဘာမှဝတ်မထားဘဲ စောင်လေးဘဲပေါင်ပေါ်ရှိသောကြောင့် ကိုယ်ပေါ်က အမှတ်အသားများကထင်းနေသည်။တစ်ချို့အမှတ်တွေဆို အနီမှ ခရမ်းရောင်ဘက်တောင် ပြောင်းနေပြီဖြစ်သည်။

Ae မျက်တောင်မခတ်တမ်းစိုက်ကြည့်နေတာကိုမြင်မှ Pete ကိုယ့်ကိုယ်ကို သတိရကာ စောင်ကိုအပေါ်ပိုင်းထိဆွဲအုပ်ထားလိုက်သည်။

"စောစောစီးစီး နှာထမနေနဲ့"

Pete စောင်ကြီးပတ်ကာ ဖြေးဖြေးချင်း ကုတင်ပေါ်မှ ရေချိုးခန်းဆီသို့ဦးတည်နေလေသည်။

"Babe ကိုယ်ရေလာချိုးပေးရမလား"

ထိုသို့မေးလိုက်တော့ စောင်ကြီးကိုင်ပြီး ကွတကွတလေးလျှောက်နေသည့်သူက ပြန်လှည့်ကာ မျက်စောင်းလှမ်းထိုးသည်။

"နေပါ ရတယ် မလိုဘူး ကျေးဇူးဘဲ"

စူပုတ်ပုတ်နဲ့ ရေချိုးခန်းထဲဝင်သွားသည့်သူကိုကြည့်ရင်း Ae ရီလိုက်မိသည်။Pete ကဘယ်လိုနေနေကို အရမ်းချစ်ဖို့ကောင်းနေသည်လေ။သူရေချိုးနေတုန်း မနက်စာအတွက်ပြင်ဆင်နေလိုက်သည်။ခဏကြာတော့ Bathrobe အမဲလေးနဲ့ မီးဖိုချောင်ဆီသို့ရောက်လာသည်။အမဲရောင်ပိုးသား Bathrobe ကြောင့် Pete ရဲ့နို့နှစ်ရောင် အသားအရည်လေးက ပိုလို့ပင် ဝင်းလဲ့နေသည်။အား!! တကယ်ကို ကျွန်တော့်ကို ကျွန်တော် ထိန်းချုပ်ဖို့ခက်ခဲလိုက်တာ။သူကတော့ ဘာမှမသိတဲ့အတိုင်းမနက်စာကို တိတ်တိတ်လေးစားနေလေသည်။

My Amazing Horny Husband (Myanmar trans)Where stories live. Discover now