Part 14 🔞

3.8K 136 28
                                    

Zawgyi

Ae POV:

ဒီနေ့ကပိတ်ရက်ဆိုတော့ ကျွန်တော်အခုထိအိပ်ရာထဲမှာဘဲရှိနေသေးသည်။မနေ့ညက ကျွန်တော်တို့၂ ယောက် ညဘက်လေ့ကျင့်ခန်းလုပ်လိုက်တာ တော်တော်နောက်ကျမှ အိပ်ဖြစ်သွားကြသည်လေ။Pete ကိုကြည့်နေရင်းမှာဘဲ ဖုန်းကထမြည်လာတာကြောင့် အမြန်ကိုင်လိုက်ရသည်။တော်ကြာ ဘေးနားက အိပ်နေတဲ့ အလှလေးနိုးလာရင် ဘာတွေကောက်အုန်းမယ်မသိပေ။

"Hello!!"

ဖုန်းရဲ့ contact name ကိုကြည့်ပြီးတဲ့အခါမှာ ဒေါသကသူ့အလိုလိုကို ထွက်လာသည်။သို့သော် Pete နိုးမည်စိုးသောကြောင့် အသံကို နှိမ့်၍ထူးလိုက်ရသည်။ထိုစဉ် ဖုန်းထဲကနေထွက်လာသည့် စူးစူးဝါးဝါးနဲ့ နားဝင်ဆိုးလှသည့်အသံကြီး။

"Hey!! Aeee ငါ့ရဲ့ အချစ်တုံးကြီး အခုထိ အိပ်နေတုန်းလား ဒါမှမဟုတ် မင်းမိန်းမကို စားပြီးလို့အခုမှစအိပ်မှာလား ဟား ဟားဟား"

"Ai'Pond!! အရူးကောင် စောစောစီးစီး ငါ့ကို ဖုန်းဆက်ပြီး အနှောင့်အယှက်ပေးတာ ဘာလုပ်ဖို့လဲ"

"ဒီမှာ မင်းသိအောင်ပြောပြရမယ် ပထမဆုံးအချက်အနေနဲ့ Aim လိုအချောအလှလေးကို လက်ထပ်ယူနိုင်တဲ့ ငါလိုလူချောတစ်ယောက်က အရူးကောင်မဟုတ်ဘူး။ပြီးတော့အခုဆို ငါ့အစွမ်းအစကြောင့် Aim ကကိုယ်ဝန်တောင်ရနေပြီ။
မင်းကို အခုလိုသတိပေးရတာတော့ စိတ်မကောင်းဘူးကွာ။အခုကလေ မနက် ၁၁ နာရီထိုးနေပြီ မစောတော့ဘူးသိလား။မင်းမိန်းမကို စားနေတာရပ်ပြီး ဒီနေ့ည Party အတွက် ကမ်းခြေကိုထွက်လာခဲ့တော့"

"နေ.. နေပါအုန်း Pond မင်းပြောတာ Aim ကကိုယ်ဝန်ရှိနေပြီပေါ့"

Ae ပြုံးကာ ဝမ်းသာပြီး ထထိုင်လိုက်သည်။

"ဒီတခါတော့ မင်းကိုငါဂုဏ်ယူတယ်ကွာ!! စိတ်ချ ငါ Pete ကိုခေါ်ပြီးလာခဲ့မယ် နေရာအတိအကျကိုသာ ငါ့ကို လှမ်းပို့ပေးထား"

Pond ရဲ့အရစ်ဆက်ရှည်နေတဲ့စကားတွေကို လျစ်လျူရှုပြီး ဖုန်းချလိုက်ကာ အိပ်နေသော Pete ကိုဆွဲဖက်ထားလိုက်သည်။

Pete ရဲ့ပါးလေးနဲ့လည်ပင်းတွေကို အနမ်းတွေလိုက်ပေးနေတော့ ချစ်ဖို့ကောင်းလွန်းတဲ့ အကောင်ပေါက်လေးက အတင်းတွန်းဖယ်ပြီးရုန်းနေလေသည်။Pete က morning kiss ကိုလုံးဝမကြိုက်ဘူးတဲ့။ဘာလို့ဆို သူ့ပါးစပ်က အာပုတ်စော်တွေနံနေရင် ကျွန်တော်ရွံသွားမှာစိုးလို့တဲ့ဗျာ။

My Amazing Horny Husband (Myanmar trans)Where stories live. Discover now