Part 43( Final) 🔞🔞

3K 83 28
                                    

ကျွန်တော် Pete ကိုအရမ်းထိတွေ့ချင်နေခဲ့တာ ဒါပေမယ့် သူက ကျွန်တော့်ထက်ကလေးတွေကိုဘဲ အမြဲအချိန်တွေပိုပေးနေတာကြောင့် စိတ်ဆိုးနေမိခြင်းဖြစ်သည်။အခုအိမ်ထဲဝင်လာတဲ့အချိန်မှာ sofa ပေါ်မှာဆွဲဆောင်မှုရှိရှိနဲ့လှဲနေတဲ့သူပုံရိပ်လေးအပြင် အရမ်းလှတဲ့ နို့နှစ်ရောင်ခြေတံလေးကလဲပေါ်နေသေး အားး သူ့ကို တကယ်လိုချင်လိုက်တာ

ကျွန်တော့်ကိုယ် ကျွန်တော်ထိန်းချုပ်ဖို့တော်တော်ကြီးကြိုးစားနေရတယ် ဒါသူ့ရဲ့ အဖြူစင်ဆုံးမြူစွယ်မှုတစ်ခုဘဲ သူသိနေတယ် ကျွန်တော့် Shirt အပွတွေကို သူယူဝတ်ရင် ကျွန်တော့်စိတ်တွေထိန်းမရအောင်ကြွလာမှန်း သိသိကြီးနဲ့သူကဝတ်ပြီးအကျီ င်္ကြယ်သီးတောင်ဖြုတ်ထားလိုက်သေးတယ်လား သေလိုက်တော့ Ae သူက မင်းကို ရူးသွားအောင်ဘယ်လိုလုပ်ရမလဲ ကောင်းကောင်းကြီးသိနေတာဘဲ

ကျွန်တော့်ခြေလှမ်းတွေခဏအေးခဲတောင့်တင်းသွားပေမယ့် သူ့ရဲ့ဖိတ်ခေါ်နေတဲ့အကြည့်တွေအောက်မှာ ဘယ်လိုမှဆက်ထိန်းမရတော့ပေ။သူ့အပေါ်ကနေအုပ်မိုးကာ လွမ်းနေခဲ့ရတဲ့ နှုတ်ခမ်းပါးတွေကိုစိတ်ကြိုက် သောင်းကျန်းပစ်လိုက်မိသည်။လွမ်းတယ် သူ့အနမ်းတွေ သူ့အထိအတွေ့တွေ လိုချင်တယ်..

သူကျွန်တော့်ကို ပိုနက်ရှိုင်းတဲ့ အနမ်းတွေထဲကိုဦးဆောင်ပြီးဆွဲခေါ်နေခဲ့သည်။သူ့နှုတ်ခမ်းလွှာတွေကိုဖွင့်ဟပေးကာ ကျွန်တော့်လျှာကို သူ့ထဲစိတ်ကြိုက်ဝင်ရောက်စေခဲ့သည်။အရည်ကြည်လေးတစ်ချို့ နှုတ်ခမ်းထောင့်က စီးကျလာသည့်တိုင်အောင် ထိုဘက်ကိုဂရုမစိုက်နိုင်သေး။နူးညံ့တဲ့ နှုတ်ခမ်းအတွင်းလေးထဲ စိတ်ကြိုက် အရသာခံနေမိသည်။

စိုစွတ်မှုတစ်ခု.. ကျွန်တော့်ပါးပေါ်သို့ကူးစက်လာသော ထိုစိုစွတ်မှုလေးကြောင့် အလန့်တကြားဖြင့် နမ်းနေရာမှခွာကာ လှမ်းကြည့်လိုက်တော့ ကိုယ့်အောက်တွင် မျက်လုံးများကိုမှိတ်ကာ တုန်ယင်ပြီး မျက်ရည်တွေစီးကျနေသောသူကြောင့် Ae စိုးရိမ်စိတ်တွေက ဆောင့်တက်ကုန်သည်။

"Babe ဘာဖြစ်လို့လဲဟင် တစ်ခုခုဖြစ်နေတာလား"

သူ့ကိုပိုလန့်မသွားစေရန် နူးညံ့သောလေသံလေးနဲ့ မေးနေမိသည်။

My Amazing Horny Husband (Myanmar trans)Where stories live. Discover now