Part 36 🔞🔞

2.7K 100 115
                                    

Ae ကိုအဲ့မိန်းကလေးထိတွေ့နေတာတွေက ကျွန်တော့်ဒေါသကိုထိပ်ဆုံးရောက်အောင်ပို့လိုက်သလိုပင်။ကျွန်တော်စိတ်ပူသည်။Ae ကကောဘာလို့ငြိမ်ပြီးလက်ခံနေရတာလဲဆိုတာကိုလဲ တကယ်တွေးမရ။ကြည့်ရတာ Ae ကို သူဘယ်သူနဲ့သက်ဆိုင်တာလဲဆိုတဲ့အချက်ကို သေချာပြန်သတိပေးရတော့မယ်နဲ့တူသည်။

ဒေါသထွက်လွန်းပြီး သဝန်တိုစိတ်တွေက ကျွန်တော့်ကို သေချာမစဉ်းစားနိုင်အောင်လုပ်နေလေသည်။ကျွန်တော်ဘာမှမမြက်နိုင်တော့ဘူး Aeကိုဆုံးရှုံးရမှာကြောက်တာဘဲသိသည်။

အိမ်ရောက်တဲ့ထိဘာတစ်ခွန်းမှမပြောဘဲအိမ်ထဲဝင်လာတော့ Ae ကနောက်ကနေပြေးလိုက်လာကာ လက်ကိုလာဆွဲပြီး သူ့ဘက်ကိုဆွဲလှည့်လေသည်။

"Babe ဘာဖြစ်သွားတာလဲ"

ဘာတစ်ခွန်းမှပြန်မဖြေဘဲ ကြမ်းပြင်ကိုသာစိုက်ကြည့်နေပြီး Ae ကိုအကြည့်လွှဲထားလိုက်မိသည်။မမြင်စေချင်ဘူး Ae တစ်ခြားသူနဲ့ ရှိနေတာမြင်တိုင်း သိမ်ငယ်နေတတ်တဲ့ ကျွန်တော့်ကိုမမြင်စေချင်ဘူး။

Ae တစ်ယောက်စိတ်ပူလာသည်။ချက်ချင်းကြီးစိတ်တိုသည့် အမူအရာပြောင်းပြီး ထွက်သွားသော Pete ကြောင့်သူခုထိဘာလုပ်ရမယ်မသိပေ။ရှေ့ကသူ့ကိုကြည့်မနေသော ကောင်လေး၏မျက်နှာလေးကို လက်နှစ်ဖက်နဲ့အုပ်ကိုင်ပြီး အကြည့်ချင်းဆုံအောင်လုပ်လိုက်တော့ ဝေ့ဝဲတက်နေသည့် မျက်ဝန်းစိုစိုလေးတွေကို သူတွေ့လိုက်ရသည်။ဒီကောင်လေး ဝမ်းနည်းအောင် သူဘာလုပ်လိုက်မိပြန်ပြီလဲမသိ။

"babe ငိုနေတာလား မငိုပါနဲ့ကွာ ကိုယ်ဘာမှားလို့လဲဟင် ကိုယ်တောင်းပန်ပါတယ် မငိုနဲ့နော်"

"Pete ကိုလွှတ်ပါ"

မျက်ရည်တွေစီးကျလာရင်း ကျွန်တော့်လက်တွေကိုဆွဲဖယ်နေတဲ့သူကြောင့် Ae ဆွဲဖက်ထားလိုက်မိသည်။

"Babe အနည်းဆုံးတော့ ကိုယ်ဘာမှားခဲ့လဲ ပြောပြပါကွာ ဒီလိုကြီးမလုပ်ပါနဲ့ ရှောင်ထွက်ပြီး တစ်ယောက်တည်းခံစားနေတာက ပြဿနာကိုဖြေရှင်းလို့မရဘူးလေ"

Ae ရင်ခွင်ထဲကကောင်လေးငြိမ်ကျသွားပြီဆိုမှ Ae ဖက်ထားတာကိုပြန်ခွာကာ မျက်နှာချင်းဆိုင်လိုက်သည်။

My Amazing Horny Husband (Myanmar trans)Where stories live. Discover now