Part 19 🔞

3.2K 110 27
                                    

Ae POV:

မနေ့က Party ပြီးသွားတော့လဲ ကျွန်တော်တို့လုပ်ဖြစ်ခဲ့ကြသည်။အရှိန်လွန်သွားတာမှ အပြင်မှာ နေအလင်းရောင်ထွက်တော့မှဘဲ ရပ်ခဲ့ကြသည်အထိပင်။

အခုတော့ အလုပ်ကောင်းပြီး Pete ဗိုက်ထဲကနာကျင်လာတာကြောင့် ဆေးရုံကိုအမြန်ရောက်လာခြင်းဖြစ်သည်။ဆရာဝန်ကစစ်ဆေးပြီး ထွက်လာမယ့် အဖြေရလဒ်ကိုထိုင်စောင့်နေကြရသည်။Pete ကအရမ်းတုန်ယင်နေတာကြောင့် ကျွန်တော်သူ့လက်ကို ဆုပ်ကိုင်ပေးထားရသည်။တကယ်လို့မကောင်းတာ တခုခုဖြစ်ခဲ့မယ်ဆိုရင် အဲ့တာနဲ့ ပက်သက်တဲ့ရလဒ်တွေအကုန်ကို ကျွန်တော်လက်ခံဖို့အဆင်သင့်ပါဘဲ။ တစ်ခုဘဲ Pete ကိုသူ့ကိုယ်သူတော့ အပြစ်မတင်စေချင်ဘူး။

ဆရာဝန်ဝင်လာတော့ ကျွန်တော်တို့ ၂ ယောက်လုံးကိုယ်လေးတွေမတ်လာကာ ကိုင်ထားသော လက်တွေကပိုတင်းကျပ်သွားကြသည်။

"မင်းတို့အရမ်းကြီးမစိုးရိမ်ကြပါနဲ့ အကုန်စစ်ဆေးပြီးသွားပါပြီ ကလေးတွေအဆင်ပြေပါတယ် အောက်ပိုင်းလှုပ်ရှားမှုနည်းနည်းများသွားတာကြောင့် ကလေးတွေ နေရာရွေ့သွားလို့နာကျင်လာတာပါ ကျွန်တော် တခုတော့သတိပေးချင်ပါတယ် ခါးကိုသိပ်မလှုပ်ရှားပါနဲ့ ကလေးတွေပြောင်းပြန်အနေအထားဖြစ်သွားရင် မွေးရတာခက်ခဲနိုင်လို့ပါ"

Pete ကတော့ စိတ်အေးသွားပေမယ့် ခေါင်းတောင်မဖော်နိုင်တော့ပေ။Ae တစ်ယောက်ကတော့ ဆရာဝန်ကို သွားပြီး ဘယ်လို Position နဲ့ဆက်ဆံရင် ခါးလှုပ်ရှားမှုသိပ်မရှိဘူးလဲဆိုတာ သွားမေးနေလေသည်။

တကယ်ဘဲ သူက အဲ့တာနဲ့ပက်သက်လာရင် အရှက်ဆိုတာမရှိတော့တာလား

*Time skip*

Pete POV:

အခုဆို ကိုယ်ဝန်က ၇ လနီးပါးဖြစ်နေပြီမို့ ဗိုက်ကသိသိသာသာကိုဖောင်းထွက်လာသည်။ဆေးရုံကိုလဲ အရင်လိုတခါတလေမှသွားရတာမျိုးမဟုတ်ဘဲ တစ်ပတ်တစ်ခါ သွားစစ်ဆေးနေရသည်။အခုလည်း Ae နဲ့အတူ သွားစစ်ဆေးပြီး အိမ်ကိုပြန်လာနေသည့် လမ်းမှာဖြစ်သည်။

ထိုစဉ် ရုတ်တရပ်ကြီး သစ်ပင်အောက်တွင်ရပ်ချလိုက်သောကြောင့် Pete ကြောင်ပြီး Ae ဘက်ကိုလှည့်ကြည့်လာလေသည်။Ae ကကားခုံကို နောက်ကိုလှန်ချလိုက်ပြီး အပြုံးတစ်ခုနဲ့ Pete ကိုကြည့်လာသည်။

My Amazing Horny Husband (Myanmar trans)Where stories live. Discover now