Part 41

1.3K 74 54
                                    

Zawgyi

Phichit အခန်းထဲရောက်လာတဲ့အချိန်မှာ ထူးဆန်းတဲ့အနေအထားမျိုးနဲ့သူ့ပါးပါးနဲ့ Daddy ကိုတွေ့လိုက်ရလေသည်။Phichit နဲ့အတူတခြားကလေးတွေကလဲ အခန်းထဲပြေးဝင်လာတော့သည်။ဘာအဝတ်အစားမှမပါဘဲ စောင်တစ်ထည်နဲ့သာအုပ်ထားတဲ့ကုတင်ပေါ်က ၂ ယောက်ကို မျက်လုံးလေးတွေပြူးပြီးထူးဆန်းသလိုကြည့်နေကြလေသည်။

"ပါးပါးတို့ ဘာလုပ်နေကြတာလဲ"

သံသယဖြစ်နေသည့်လေသံနဲ့ Phichit ကမေးတော့ ကျန်တဲ့ကလေးတွေကလဲ သိချင်စိတ်နဲ့ အနားရောက်လာကြတော့သည်။Pete က ဖြေရခက်နေတာကြောင့် Ae ကိုဝင်ဖြေပေးဖို့ အကူအညီတောင်းတဲ့မျက်လုံးများနဲ့ လှည့်ကြည့်လာလေသည်။

"အာ.. daddy တို့က ဖေဖေမေမေလုပ်တမ်း ကစားနေကြတာလေ သားလဲ အသက်ကြီးလာရင် Daddy လိုကစားလို့ရမှာ.. အားး အာ့ နာတယ်လေ babe"

Ae ရဲ့အဖြေစကားကြောင့် ဘေးနားက ချစ်စရာကောင်လေးဆီကနေ ဆွဲဆိတ်ခြင်းကို ခံလိုက်ရလေသည်။

"ကလေးတွေကိုဘာတွေလျှောက်ပြောနေတာလဲ"

Ae ခေါင်းကုတ်ကာ ရီကျဲကျဲနဲ့ N'Yim ဘက်ပြန်လှည့်ပြီး ကလေးတွေကို အခန်းထဲကပြန်ခေါ်ထုတ်သွားဖို့လှည့်ပြောတော့သည်။
N'Yim ကလဲစကားနားထောင်စွာဘဲ ကလေးလေး ၃ ယောက်လက်ကိုဆွဲကာ အမကြီးသဖွယ် ရှေ့ကနေ ဦးဆောင်သွားတော့ နောက်က ကလေးတွေကလဲ တောက်တောက် တောက်တောက်နဲ့ ပြေးထွက်သွားလေသည်။ထိုအခါကျမှ စားဖို့ချောင်းနေသော Ae က Pete ဘက်သို့ပြန်လှည့်လာသည်။

"ကဲ Babe ဆက်ရအောင်"

"ဘာလဲ ဘာကိုဆက်ချင်သေးတာလဲ ကလေးတွေနားနေရမှာ အဲ့မှာ ဆက်ချင်ရင် တစ်ယောက်တည်းသာဆက်နေခဲ့ Pete ကတော့သွားပြီ"

"ဟင် မဟုတ်ဘူးလေ Babe နေအုန်းလေ ကိုယ်ဘာမှမလုပ်ရသေးဘူး Babe !! ဟာ Babeeee"

Ae စကားကို လှည့်တောင်မကြည့်ဘဲ အဝတ်တွေဝတ်ကာ ထွက်သွားသည့် အလှပဂေးလေးအား Ae ဒီတိုင်းသာကြည့်နေလိုက်ရတော့သည်။

*Time skip*

တစ်ပတ်ကျော်လောက်ကြာတဲ့အထိ Ae တစ်ယောက် Pete ကို ကလေးတွေအရှေ့မှာ မထိမိအောင် အတော်ကြိုးစားထိန်းနေရလေသည်။သို့သော် သူတစ်ယောက်တည်းတော့မဟုတ်ခဲ့။တစ်ဖက်ကကောင်လေးကလဲ အထိအတွေ့တွေကို ထပ်တူ လွမ်းနေခဲ့ပါသည်။

My Amazing Horny Husband (Myanmar trans)Where stories live. Discover now