အပိုင်း၁၀

6.3K 388 10
                                    

အိပ်ယာနိုးနိုးချင်း၀င်လာတဲ့အသိကညစ်ထွေထွေဖြစ်စေသည်။မမဒီနေ့ပြန်လာမည်။ဦးရသနဲ့စေ့စပ်မည်........

“သားရေ”

အိမ်အောက်ထပ်ကမေမေ့ခေါ်သံကြောင့်မမကိုသွားခေါ်‌ကြတော့မည်ထင်သည်။

“မေမေတို့သွားပြီနော်မနက်စာပိုလုပ်ထား”

ကားသံဝေးကွာသွားသည်ကထွက်သွားကြသည်ထင်သည်။မနက်စာပြင်ပေးပါဆိုသည့်အတိုင်းကိုယ်လက်သန့်စင်ပြီးအောက်ထပ်ဆင်းခဲ့သည် ။
မီးဖိုခန်းထဲ၌‌ေပါင်မုန့်အဆင်သင့်ရှိသည်။မီးကင်ပြီးယိုသုတ်မည်။သိပ်တော့ခက်မနေပေ။ဒီလိုကျတော့လဲပျော်ဖို့ကောင်းသား......

--------------------------------------
ကိုထွန်းမြတ်ရဲ့ပြောစရာရှိတယ်ဆိုသောအခေါ်ကြောင့်မနက်စောစောသွားဖြစ်သည်။
ကားမရှိသည်ကြောင့်အပြင်သွားတာများလား

မီးဖိုခန်းထဲမှအသံကြောင့်ခေါင်း‌ေစာင်းကြည့်လိုက်သည် ။တရှုံ့ရှုံ့ငို‌နေရင်းကော်ဖီဖျော်နေသောကလေး။ဘာတွေများဖြစ်‌နေပါလိမ့်။

“ကလေး”

“ဟမ် ဦး ဘယ်လိုလုပ်..”

“ဘာ လို့ငိုနေတာလဲ ဦးကိုပြောပြလို့ရမလား”

“ဟင့်အင်း မရဘူး ဦး”

မဲ့ပြုံးတစ်ချက်နှင့်မျက်ရည်တစ်စက်ကို‌ချစ်ရသူမမြင်အောင်ကျောခိုင်းထားလေသည်။

“ဦး ...မင်းကိုပြောစရာရှိတယ်”

“......”

“ဦးကိုဘယ်လိုမှသဘောမထားပါနဲ့ မင်းဆီ
မမျှော်လင့်ပါဘူး သိစေချင်တာပါ”

“ဦးမင်းကိုချစ်တယ် ကလေး ပထမဆုံးခံစားချက်စစ်စစ်နဲ့ချစ်ခဲ့တာပါ တားမြစ်ထားတဲ့အချစ်မို့ မဖြစ်သင့်တာသိပေမဲ့ သိသင့်တယ်ထင်လို့ပါ
ချစ်တယ် အရမ်းချစ်တယ် အဲ့တာကြောင့်မင်ူမျက်ရည်ကျတာ ခံစားရတာ ဦးတကယ်မကြည့်နိုင်ဘူးကောင်လေး ”

အရမ်းကိုခံပြင်းလွန်းသည်။မဆုံနိုင်တဲ့အချစ်နှစ်ခုကအပြန်လှန်ငြိတွယ်ကြသည်တဲ့....ပိုနာကျင်စေဖို့ကံကြမ္မာကချမှတ်လိုက်တယ်ထင်ပါရဲ့။

ဦး❤️ COMPLETE Opowieści tętniące życiem. Odkryj je teraz