ကြည်လင်နေသောကောင်းကင်ကမြစိမ်းရောင်ကန်ရေနှင့်ပနံသင့်သည်။ညစ်ညူးနေတဲ့စိတ်တို့
ခနတာအေးချမ်းသွားသလို ပေါ့ပေါ့ပါးပါးပြုံးလိုက်မိသည်။သစ်သားထိုင်ခုံရှည်လေးတွေစီတန်းနေတဲ့ကန်းဘောင်ကလေတဖြူးဖြူးတိုက်ခတ်ကာသစ်ပင်ငယ်လေးတွေကဘယ်ညာယိမ်းထိုးနေကြသည်။
အနည်းငယ်ဆက်လျှောက်သွားလျှင်ဖြင့် ဦးကသူ့ကိုလက်ထပ်ခွင့်တောင်းခဲ့သည့်ခုံတန်းရှည်လေးကိုလှမ်းမြင်နေရပြီ။
လူလဲရှင်းနေတာကြောင့် ထိုခုံလေးနားသို့မော်ကွန်းခပ်သွက်သွက်သွားကာ နေရာယူလိုက်ပြီး ကန်ရေပြင်သို့ငေးမြဲငေးဆဲ..
ဦးရသသူ့ကိုဖုန်းမဆက်သလိုစာလဲမပို့၊ ဦးကပိုင်လေးပို့တဲ့ပုံတွေထဲကကလေးလေးနဲ့ဘာများပတ်သက်တာလဲ ကျွန်တော့်စီကိုပြန်များမလာတော့ဘူးလား..
မော်ကွန်းရင်တွေပူပါသည်။ထိုလူကြီးကိုယုံပေမဲ့ သံသယဆိုတာလဲတားမရတဲ့အရာမလား..
အနည်းဆုံးတော့ သူ့ကိုပုံမှန်ဆက်သွယ်ပေးသင့်တာပေါ့ စိုးရိမ်စိတ်ကကြီးမားလာတာနဲ့အမျှစိတ်ကမအေးချမ်းနိုင်တော့ မြင်မြင်သမျှစိတ်တိုစရာတွေသာဖြစ်လို့နေသည်။*Ting!!*
တောင်ခနဲမက်ဆေ့၀င်သံကြောင့်အလျင်အမြန်ဖုန်းကိုထုတ်ကြည့်လိုက်သည်။ ဒီအချိန်လောက်ဆို ဦးဘဲဖြစ်မယ်..
*ကလေး ဦး မနက်ဖြန်နေ့လည်ပြန်ရောက်မယ်
ဒီနေ့ရတဲ့ flightနဲ့ပြန်လာခဲ့တယ် ကိုယ့်ကိုလာကြိုဦးနော် ကလေးနဲ့ဆွေးနွေးစရာရှိနေလို့*ဆွေးနွေးစရာတဲ့လား "ဒီကလေးကငါ့သားပါ ဒါကတော့ငါ့မိသားစုပါ" ဆိုပြီးကျွန်တော့်ကိုထားခဲ့တော့မှာများလား...
*ဟုတ်ကဲ့ဦး*
အတွေးပေါင်းများစွားကချာချာလည်နေသည်။
ပိုင်လေးပို့တဲ့ပုံထဲကမျက်လုံးပြာပြာနဲ့ကလေးငယ်အား ဦးကချီထားပြီး ပန်းခြံထဲမှာပြုံးရွှင်နေတာဖြစ်သည်။ ဦးကလူကြီး၊လူကောင်း ဒါမျိုးဖြစ်စရာလား ...ဟုတ်တယ် သူယုံသည်။ ဦးမှာအကြောင်းပြချက်ရှိလိမ့်မည် ..ယုံကြည်စိတ်ကိုမြဲမြဲမှတ်ကာကန်ဘောင်ကထပြန်လာခဲ့သည်။ အလာတုန်းကလို စိတ်ညစ်ညူးခြင်းတွေမရှိတော့။ အပြုံးပါးပါးလေးဆင်မြန်းပြီး
ပြန်လာမဲ့ချစ်သူကိုအပြေးကြိုဖို့အသင့်ဖြစ်နေသလို...
YOU ARE READING
ဦး❤️ COMPLETE
Romanceခများကကျွန်တော့်အတွက်လက်လှမ်းမမှီတဲ့လမင်းကြီး...💔 (Myanmar oc fiction) ခများကကျွန်တော့်အတွက်လက်လှမ်းမမှီတဲ့လမင်းကြီး...💔(Myanmar oc fiction)