အပိုင်း၃၂

4.2K 225 25
                                    

ညီညာပြန်ပြူးတဲ့လမ်းမကြီးတစ်လျှောက်အရှိန်သတ်ကာမောင်းလာသောကားလေးကလမ်းဘေးတစ်နေရာတွင်ငြိမ်သက်စွာရပ်လိုက်သည်။

တစ်ဂွမ်ဂွမ်မြည်နေတဲ့ဖုန်းသံကြောင့်ပင်။

"ဟယ်လို ဦး"

ရွှင်ပျပျအသံလေးကိုတစ်ဖက်ဖုန်းမှလူကြားတော့အပြုံးပန်းတွေဝေသွားရသည်။သစ်ရွက်လှုပ်ရင်ရင်ခုန်တဲ့အရွယ်လဲမဟုတ်ပါဘဲ "ဦး"ဆိုတဲ့ဝေါဟာရလေးနှင့်ပင်သံစုံတီးဝိုင်းပါတဲ့ရထားကြီးရင်ဘတ်ထဲဖြတ်မောင်းသွားသလိုလို..

"ကိုယ့်ကလေးလေးဘာတွေလုပ်နေလဲဗျ"

"မေမေ့အိမ်သွားနေတာ လမ်းမှာဦး"

"ကားမောင်းတန်းလန်းနဲ့လားကလေး ဒါဆိုအိမ်ရောက်မှပြန်ဆက်မယ်လေ"

"ကားရပ်ထားပါတယ်ဦးရဲ့ သားဦးစကားဆိုနားထောင်တာသိရဲ့နဲ့ ဟွန်း"

ထိုကဲ့သို့ခပ်ဆောင့်ဆောင့်ဆိုလိုက်တိုင်းဖြစ်သွားတတ်သည့်မျက်နှာလေးကိုသူမြင်ယောင်နေလိုက်မိသည်။သိပ်ချစ်ဖို့ကောင်းမှာ..

"ဦးကိုလွမ်းလားကလေး"

"မလွမ်းဘူးဗျ"

"အေး ဒါဘဲသိလား"

"စတာကို ဦး နေဦး နေဦး"

ထိုလူကြီးကဒီရက်ထဲကျမှမော်ကွန်းကိုပိုလို့ပင်ချွဲလာသည်။ စကားတွေကလဲရဲတင်းလာသလို ဟိုညကလဲ အင်း..

"ဦး လို့"

"ပြော"

"လွမ်းတာပေါ့ ဒီလူကြီးကိုလွမ်းလွန်းလို့ညဆိုအိပ်တောင်မပျော်ဘူးသိရဲ့လား"

အခုမှနှစ်ရက်တစ်ပိုင်းဘဲရှိသေးတာကိုတကယ်ကိုလွမ်းလှပါသည်။ စော်မရှိဘဲမရှိတွေကတော့ဘယ်သိပါလိမ့်မလဲ ညညဆိုဖက်အိပ်ပေးမဲ့ရင်ခွင်လဲသူတို့မှာမရှိတော့ ထူးလို့လွမ်းစရာလဲမရှိနိုင်‌ဘူးမဟုတ်လား..ကိုယ့်မှာတော့ထိုလူကြီးရင်ခွင်ကြီးကိုလွမ်းနေရသည်။

"အိပ်တောင်မပျော်လောက်အောင်လွမ်းနေတာလား ဦးရဲ့ကလေးလေး"

အသံခပ်ဩဩကလူကိုမနက်ခင်းကြီးမှောင်သွားစေသည်။ဦးစီမှာဆိုအခုညဘက်မလား?

ဦး❤️ COMPLETE Where stories live. Discover now