အပိုင်း၂

20.6K 706 4
                                    

ကောင်းကင်ပြာပြာကဆေးကျောင်းသားဘ၀ကိုသတိရစေသည်။ငယ်ငယ်ကလိုမြန်မာနိုင်ငံမှာနေချင်သည်။မြန်မာထမင်း၊ဟင်းစားချင်သည်။
သို့သော်လဲ ဩစီမှာကျောင်းတက်နေရသေးသည်။ ဘ၀ခရီးရှည်ကြီးမှာတစ်၀က်လောက်ကို
ကျောင်းစာနဲ့ဆေးရုံဆေးခန်းတွေတွင်သာကုန်ဆုံးခဲ့သည်။ ဒီမှာဘွဲ့ရပြီးလျှင်မြန်မာနိုင်ငံကိုပြန်မည်။ကိုယ့်နိုင်ငံကိုတော့အကျိုးပြုချင်သေးသည်။
အိမ်ထောင်ရက်သားကျနေပြီဖြစ်တဲ့ညမလေးကိုလဲသတိရပါသည်။

"Doctor ဘယ်နေ့ပြန်မှာလဲ ကျွန်မလဲပြန်တော့မှာမို့လို့"

"အေး ငါနောက်တစ်ပတ်ထဲပြန်မှာ ဒီမှာလဲအစားထည့်လို့အဆင်ပြေတုန်း၄,၅လလောက်တော့မြန်မာနိုင်ငံကိုပြန်ဦးမယ်"

"ကျွန်မကသဘက်ခါပြန်မှာ ပျော်စရာခရီးဖြစ်ပါစေ doctor bye"

ပြုံး၍သာခေါင်းညိမ့်ပြဖြစ်သည်။သူမကအဂ်လန်လူမျိုးဖြစ်ပေမဲ့ ဩစီမှာnurseလုပ်သည်။ကျွန်တော့်ဆေးခန်းတွင်အကူထိုင်သည်၊ဆေးပေးသည်၊တော်တန်ရုံဆိုကြည့်ပေးသည်။တကယ်လဲအားကိုးရပါသည်။

-------------------------------------------

"ဟယ်လို ညီမလေးလား"

"ဟုတ်ကဲ့ ကိုကိုပြန်လာနေပြီလား"

"အင်း အိမ်နားရောက်တော့မယ် ချစ်နိုးရဲ့"

"ဟုတ် လာမကြိုဖြစ်တာဆောရီးနော်ကိုကို ဖူးဖူးလေးကနေမကောင်းလို့"

"ရပါတယ် ကိုကိုကိုယ်တိုင်ကိုကို့တူမကိုဆေးကုပေးရတာပေါ့"

"ဟုတ် ဟီးဟီးဒါဘဲနော်"

ထိုညီမလေးတစ်ယောက်သာသူ့အသဲညှာ
ညီမလေးကိုသာသူ့ကိုအပ်ကာလောကကြီးကရှေ့ဆင့်နောက်ဆင့်ထွက်သွားကြတဲ့အဖေနဲ့အမေ။အဲ့အချိန်ကစပြီးသူစိတ်ထဲကသဏ္ဍာန်တစ်ခု။အမြင့်ရောက်မှလူရာ၀င်မည်။ပိုက်ဆံမရှိရင်မျက်နှာငယ်ရမည်။ဆိုသောဆောင်ပုဒ်တစ်ခုကြောင့်ဆရာ၀န်ဖြစ်အောင်ကြိုးစားခဲ့သည်။အစွမ်းကုန်ကြိုးစားသည်။အလုပ်ရော၊စာရောကြိုးစားသည်။ကျန်တာသူ့စိတ်ထဲမထည့်နိုင်။
တခြားသောဆယ်ကျော်သက်လူပျိုကောင်လေးများလိုလဲ ချစ်စကားကြိုက်စကားဖွဲ့နွဲ့ကာကောင်မလေးထားဖို့ရန်အချိန်မရှိ။သူ့ဘ၀မှာညီမလေးရှိရင်လုံလောက်ပြီ၊ညီမလေးကိုသာလိုလေသေးရှိထားနိုင်ရန်ဖြစ်သည်။

ဦး❤️ COMPLETE Where stories live. Discover now