အပိုင်း၂၇

4.5K 231 9
                                    

Time skip>>>>

ကလေးနဲ့အတူနှစ်ယောက်ထဲအိမ်ခွဲနေခဲ့တာ ဒီနေ့‌ဆိုတစ်နှစ်ပြည့်ပြီ မနက်လင်းရင်အိပ်ယာထကာမနက်စာအတူစားကာဆေးရုံသွားရန်ပြင်ဆင်ပြီး ကလေးကိုဆေးထည့်ပေးခဲ့သည်။ မျောက်လောင်းကတော့တစ်နေ့လုံးအိမ်မှာမွှေလို့ပေါ့။ တစ်ခါတစ်ခါဆိုထမင်းချက်အဒေါ်ကြီးကိုကူလုပ်ပြီး ထမင်းချိုင့်လာလာပို့တတ်သည်။

"ကဲ အိပ်ပုတ်ရေ ဦးနှိုးနေတာကြာပြီနော်"

"အင်းးဟင်းး"

"ထတော့လေ မနက်စာတောင်အဆင်သင့်ဖြစ်နေပြီ"

"ဟုတ် ဟုတ် ထပြီဦး"

အိပ်ယာထဲကအလူးအလဲထကာမျက်လုံးကမပွင့်တပွင့်နှင့်ရေချိုးခန်းထဲ၀င်သွားလေသည်။

-----------------
"ကဲ စားလိုက်ပါဦးကွာ"

"တော်ပြီ...လို့"

"နည်းနည်းလေးရယ်ကွာ မနက်ခင်းအစာအိမ်အလုပ်လုပ်လို့အစာမရှိရင်အောင့်လိမ်မယ်နော်"

"မသိဘူးဗျာ ဗိုက်တင်းနေတာကို"

"ဒါဆိုလဲနွားနို့သောက်"

"မသောက်ချင်ဘူး..လို့"

အစားအတင်းကျွေးလို့ငိုတယ်ဆိုတာလူကြားလို့မှမကောင်း။ဒီအရွယ်ကြီးနဲ့မနက်စာအတင်းကျွေးတော့ငိုတော့မည့်မျက်နှာလေးကနီရဲနေသည်။

"ကလေးလေး နေမကောင်းဘူးလားဟင်"

"အဟင့် သားခေါင်းကိုက်တယ်"

"အို ကျွတ်စ် ကျွတ်စ် တိတ် တိတ် မငိုနဲ့ပိုဆိုးမယ်လေကလေးရဲ့"

ကလေးချော့သလိုတကျွတ်စ်ကျွတ်စ်လုပ်ကာရင်ခွင်ထဲထည့်ပြီးချော့မြူရပြန်သည်။ ခေါင်းကမမူးဘဲနေမလား ညညဆိုဖုန်းကြည့်တာအိပ်ခိုင်းလို့ကိုမရ။ ကလေးမွေးထားတာလား ယောကျာ်းယူထားတာလားမသဲကွဲတော့ပေ။

"ဦး ဒါဆိုဆေးရုံမသွားတော့ဘူးနော် နေ့လည်ကျမှdutyချိန်ခနသွားမယ်ရလား"

"ဟုတ်"

ရင်ခွင်ထဲမှနေ၍ဆိုရှာသည်။
သူ့အသည်းအသက်လေးအား သိပ်ချစ်ရပါသည်။ ဘာအရောင်မှမပါဘဲ စင်စစ်အဖြူရောင်သက်သက် မေတ္တာများနှင့် မြတ်နိုးရလေသည်။

ဦး❤️ COMPLETE Where stories live. Discover now