အပိုင်း၂၉

5K 255 6
                                    

လွတ်လပ်နေတဲ့ဘေးနေရာကိုလက်နဲ့အသာစမ်းမိတော့ အေးစက်စက်အိပ်ယာခင်းနဲ့သာထိတွေ့မိသည်။ အရင်ကဆိုနှိုးမှထတဲ့ကလေးကအခုအစောကြီးနိုးနေသည်လား..

dutyရှိသေးတာမို့အလျှင်အမြန်ရေချိုးကာ အောက်ထက်ဆင်းပြီးကလေးကိုရှာမိသည်။

"ကလေးရေ"

မီးဖိုချောင်ထဲတစ်ကုပ်ကုပ်နှင့်အသီးအရွက်တွေရေဆေးနေသော ဒေါ်ကြီးကိုသာတွေ့ရသည်။

"ဒေါ်ကြီး ကလေးရော"

"သားမော်ကွန်းကအခန်းပိုထဲမှာ သားအကျီတွေမီးပူတိုက်မလို့တဲ့"

"ဒီကလေးဘာစိတ်ကူးပေါက်နေလဲမသိဘူး နေနေ ကျွန်တော်သွားကြည့်မယ်"

ခြေသံဖွဖွလေးနင်းကာမီးဖိုချောင်နောက်ကအခန်းပိုရှေ့သွားကာအပေါက်၀လေးတင်ရပ်ပြီးခိုးကြည့်လိုက်သည်။

မီးပူကိုခပ်ဖွဖွလေးတိုက်ကာ သပ်သပ်ရပ်ရပ်ခေါက်ထားသော ကျွန်တော့်shirtအကျီများနှင့်ပုဆိုးများကအပုံလိုက်။

"ကလေး"

"ဟင်  ဗျာ"

အံ့ဩသွားသလိုဆတ်ခနဲမော့ကြည့်ကာ မျက်၀န်းလေးတွေကပြူးကျယ်ကျယ်..

"ဘာလို့လုပ်နေတာလဲကွာ အပူလောင်ဦးမယ်"

ခပ်တွေတွေလေးငေးခနဲတွေးကာ ဖြေရှာသည်။

"အင်း ဒီတိုင်း.."

"ဦး ပြောစရာရှိလို့လာပါဦး"

လက်ကမ်းပေးလိုက်တော့ မီးပူ ပလပ်လေးအသာချွတ်ကာအနားလာထိုင်သည်။
ကျွန်တော့်ပေါင်ကိုပုတ်ပြလိုက်မှ ပေါင်ပေါ်မှာအသာအယာလေး၀င်ထိုင်ရှာသည်။

"ကလေး ဘာတွေဖြစ်နေတာလဲ ဦးကိုပြော စိတ်ထဲမှာမထားဘဲပွင့်ပွင့်လင်းလင်းပြော တစ်ခါမပွင့်လင်းခဲ့လိုဘာတွေဖြစ်ခဲ့လဲသိတယ်ဟုတ်"

မျက်လုံးလေးလှန်ကြည့်ကာ ကျွန်တော့်လည်ပင်းကိုသိုင်းဖက်လာသည်ကတင်းကျပ်စွာ.. ကျွန်တော့်ပခုံးပေါ်သို့မေးဖျားလေးတင်ကာခေါင်းစောင်းပြီးမှီထားသည်မို့ ရင်ခွင်ထဲမြုပ်နေလေသည်။

"သားဘာမှမဖြစ်ပါဘူး အမြဲတမ်းသားကစိတ်ဆိုးစိတ်ကောက်နေတာမျိုးတွေမလုပ်သင့်တော့ဘူးထင်မိလို့ပါ ဦးကဘဲအမြဲချော့နေရတော့ လူ့စိတ်ဆိုတာပြောလို့ရမလား သားကို ..သားကိုငြိုငြင်ပြီးထားသွားရင်ဘယ်လိုလုပ်မလဲ"

ဦး❤️ COMPLETE Nơi câu chuyện tồn tại. Hãy khám phá bây giờ