အပိုင်း ( 54 )

Start from the beginning
                                    

အိုက်စန်းထိုသို့ပြောပြီး ထွက်သွားခဲ့သည်။ လန်လန်ကတော့ ဖန်အာ့ကိုဒေါသတချောင်းချောင်း ထွက်နေမိသည်။ သူမဒေါသထွက်နေတုန်း ဖန်အာ့အဆောင်တော်မှ မင်းကြီး ထွက်လာသည်ကို မြင်တော့ သူမအကြံတစ်ခုရလိုက်သည်။

"ဖန်အာ ရှင့်ကိုကျွန်မ ဖန်အိမ်တော်မှာရော နန်းတွင်းမှာပါ မျက်နှာမပြနိုင်အောင်လုပ်ပြမယ်"

သူမစိတ်ရှိတဲ့အတိုင်းဆိုလျှင် သူမဖန်အာ့မျက်နှာလှလှလေးကို ဖျတ်ဆီးချင်သည်။ ယောကျာ်းလေးနှင့်မတူအောင် လှပသော ဖန်အာ့မျက်နှာကိုသူမကြည့်မရပေ။ သို့ပေမယ့် ဒီလိုလုပ်ပါက အစ်က်ိုတော်က သူမကို ဒီထက်ပိုမုန်းမည်ဖြစ်သောကြောင့် ထိုအကြံကိုတော့ နောက်ထပ်မကြံမိအောင်ဆုံးဖြတ်ထားသည်။

----------------------------------

"မိဖုရားခေါင် သခင်မလေးလန်လန်လို့ပြောပါတယ်"

ဖန်အာခေါင်းကိုက်၍ အိပ်ယာထဲလှဲနေရင်း လန်လန်လာသည်ကို ကြားတော့ ပိုခေါင်းကိုက်လာသလိုပင်။ သို့ပေမယ့် ဖန်အာ မတွေ့လျှင် အားနာစရာကောင်းသောကြောင့် လန်လန်ကိုဝင်ခိုင်းလိုက်သည်။

"မတွေ့တာကြာပြီနော် အစေခံသားလေး"

လန်လန်ကဝင်လာသည်နှင့် ထိုသို့ခနဲလိုက်ပြီး ခုံတွင်ထိုင်ကာ အေးဆေးရေနွေးဌဲ့နေလိုက်သည်။ ဖန်အာကဘယ်လိုပဲမိဖုရားခေါင်ဖြစ်နေဖြစ်နေ။ အစေခံသားဟာ အစေခံသားပါပဲလေ။

"ရွဲ့သခင်မလေး ကျေးဇူးပြုပြီးစကားပြောဆင်ခြင်ပါ"

မေ့မေ့က ဒီအတိုင်းကြည့်မနေနိုင်၍ ပြောလိုက်သည်။

"အထိန်းတော်ခဏလောက်ထွက်ပေးပါလား"

"ကောင်းပါပြီ။ ကျွန်မကိုခွင့်ပြုပါ"

မေ့မေ့လဲ ဖန်အာပြောသည့်အတိုင်း အပြင်သို့ထွက်ပေးလိုက်တော့သည်။ သူမ သိရသလောက် လန်လန်ကဖန်အာ့အပေါ် အမြင်ကြည်သူမဟုတ်သည့်အတွက်
ဖန်အာ့ကိုဘယ်လို ဒုက္ခပေးမလဲ စိုးရိမ်မိသည်။

"မိဖုရားခေါင်တဲ့လား။ ရှင့်လိုယောကျာ်းမျိုးက မင်းကြီးကိုဘယ်လိုမြှူစွယ်ခဲ့လ်ုိ့ ဒီရာထူးရတာလဲ"

အမုန်းဆုံးကိုယ်လုပ်တော် (အရှင်သခင်၏အမုန်းတော်ခံ)[Complete]Where stories live. Discover now