"အိမ်ပြန်ချင်တယ်"

"ညနေပြန်..."

"နေ့လယ်လောက်ပြန်ချင်တာကို"

ပိုပြီးစူပုပ်သွားပြီ ချစ်ဖို့ကောင်းလိုက်တာ

"ထ မျက်နှာသစ်ရမယ်"

"မထဘူး"

"ညစ်ညစ်ပတ်ပတ်နေမှာလား"

နိုးလာတည်းက မျက်လုံးချင်းဆုံအောင် မကြည့်တဲ့သူက ခုမှ ဒိုင်းခနဲမျက်စောင်းတစ်ချက် လာထိုးတယ်

"မျက်နှာသစ်ရမယ်လေ"

"ဟိုဟာနဲ့သစ်လည်းရသားပဲ"

စင်သေးလေးပေါ်က tower တွေကို မေးငေါ့ပြပြီး ပြောနေတာ

"ရေအေးနဲ့သစ်လိုက် အဲဒါမှလန်းသွားမှာ"

"ပြီးရော"

ခုထိပေကပ်ကပ်လုပ်နေတုန်း ဂျီကျတာမဟုတ်ဘဲ ဂျစ်တိုက်တဲ့ တစ်ဖက်ခြမ်းလေးပေါ့
ခြေဆောင့်ပြီးသွားတာလေးကစ ကလေးလိုပဲမြင်နေမိတာ
Kyung Soo မျက်နှာသစ်ပြီးထွက်လာလာချင်း ရေချိုးခန်းရှေ့မှာတင် မျက်နှာကို အဝတ်နုနုလေးနဲ့သုတ်ပေးတဲ့ Yeol

"ပေး ကိုယ့်ဟာကိုယ်သုတ်မယ်"

Yeol လက်ထဲက မျက်နှာသုတ်ပုဝါကို ဇတ်ခနဲဆွဲယူပြီး တစ်လှမ်းချင်းသွားနေတဲ့ Kyung Soo
မျက်နှာသစ်ရင် လည်ပင်းကိုပါရေဆွတ်တတ်တာ အကျင့်ဖြစ်နေတော့ ကိုယ့်ဟာကိုယ်သုတ်မှရမယ်လေ
Kyung Soo ကုတင်ပေါ်မှာ လွှဲထိုင်လိုက်ပြီး ပြတင်းပေါက်ဘက်ကို ကြည့်နေရင်း မျက်နှာနဲ့လည်ပင်းတစ်ဝိုက်ကို ရေသုတ်နေတယ်
Yeol ကတော့ရေချိုးခန်းထဲဝင်သွားပြီ

"သား"

နောက်ဘက်ကအသံကြားလို့ လှည့်ကြည့်လိုက်တယ် တစ်ခါတလေကျ Suho နဲ့ Lulu အသံကခွဲမရဘူး ဆော်တော်တူတာ

"တီလေး"

"နိုးနေပြီပေါ့"

"ဟုတ် မား ဘယ်မှာလဲဟင်"

"ခနနေလာခဲ့မယ်တဲ့ သား"

"ဟုတ်"

Lulu ယူလာတဲ့ အထပြ်တွေထဲက တစ်ခုခုတွေ့ပြီး Kyung Soo မျက်လုံးလေးတွေ တလက်လက်ဖြစ်သွားတယ်

"ဒါ Butter cake မဟုတ်လား တီလေး"

"အင်း သား အဲဒါစားပြီးရင်ဆေးသောက်ရမှာနော်"

" ကိုကို့ ရဲ့ ငယ် 💞 ( ကိုကို့ ရဲ့ ငယ် 💞 )"Where stories live. Discover now