Chapter 17

3.1K 773 31
                                    

{Unicode}

ဝမ်ရှောင်းမိန် ငုတ်တုပ်ထထိုင်ကာ အေးစက်နေတဲ့လက်ကို ဆန့်တန်းပေးလိုက်တယ်။ သူလည်း အခေါင်းထဲကထွက်ကာ ခါးရိုးတွေကို အကြောဆန့်လိုက်ပြီး ဝမ်ဖန်ဂျင်နောက်က လိုက်လာတယ်။ အဲ့နောက် သတ္တုချိန်းကြိုးတွေကိုဖြတ်ကာ အရံခမ်းမတွေထဲက တစ်ခုဆီခေါ်ဆောင်ခြင်းခံလိုက်ရတယ်။

ကြေးနီမှန်ကြီးရှေ့မှာရပ်ကာ ဝမ်ရှောင်းမိန်ကတော့ ဒီတိုင်းလေးပဲနေပြီး ဝမ်ဖန်ဂျင်းက သူ့ကို ခါးစည်းတွေဝတ်ပေး အဝတ်အစားတွေဝတ်ပေးလုပ်နေတာကို ခွင့်ပြုပေးထားလိုက်တယ်။ သူနှုတ်ခမ်းကို စုပ်သပ်လိုက်ပြီး ကျေနပ်စွာသက်ပြင်းချလိုက်တယ် "ဘယ်လောက်တောင် ကောင်းလိုက်တဲ့ယောကျာ်းလဲ!"

အဲ့နောက် သူခွေးခြေပေါ်မှာ ထိုင်လိုက်တယ်။ သူ့နောက်မှာ လျော့တိလျော့ရဲဝတ်ရုံနဲ့ရပ်နေတဲ့အမျိုးသားက ကျွမ်းကျင်စွာ သူ့ကိုခေါင်းဖီးပေးနေတယ်။ အနည်းငယ်ဖီးသင်ပြီးနောက်မှာ သူ့ဆံပင်က လုံး၀ပြီးပြည့်စုံသွားတယ်။ ဝမ်ရှောင်းမိန် သူ့ရဲ့လက်မနဲ့ လက်ညှိုးကို ပွတ်ကာ သူ့နောက်ကလူကို ပုံစံလေးလုပ်ပြလိုက်တယ်။

"အချစ်လေး အသဲပုံလေးလုပ်ကြစို့"

ဝမ်ဖန်ဂျင် နှုတ်ခမ်းအစုံဟသွားပြီး ဖြူဖတ်ပြာနှမ်းနေတဲ့မျက်နှာနဲ့ ဆွဲဆောင်မှုရှိစွာ ခပ်ဟဟရယ်မောလိုက်တယ်။ အဲ့နောက် ဝမ်ရှောင်းမိန်ရဲ့ဆံပင်တွေကိုပဲ အာရုံစိုက်ဖို့ကြိုးစားလိုက်တယ်။ ရှည်သွယ်သွယ်လက်ချောင်းတွေက သူ့ဆံပင်တွေနားမှာ ဝေ့လည်နေပြီး သူထိခိုက်သွားမှာကို စိုးထိတ်နေသလိုမျိုး အသေးစိတ်ကအစဂရုစိုက်နေတယ်။

ဟဲ ဟဲ~~

ဒီဘ၀မှာ ဒီလောက်ခန့်ညားပြီး စဉ်းစားတတ်တဲ့ယောကျာ်းမျိုးရထားတာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။ အသက်ရှင်နေတုန်းကဆိုရင် သူသေချာပေါက်မရနိုင်တဲ့အရာဖြစ်ပြီး အိမ်မက်တောင်မမက်ရဲခဲ့ဘူး။ မထင်မှတ်ထားစွာ သူသေလည်းသေရော ရွှေတွေငွေတွေပြည့်သိပ်နေတဲ့ အိမ်ကြီးထဲမှာလည်း နေနိုင်သလို သူ့ကိုဂရုစိုက်ပေးမယ့် တစ်စုံတစ်ယောက်ကလည်း ရှိနေလိုက်သေး...

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now