Chapter 44

360 55 2
                                    


Written by Kay-Wine

{Unicode}

'ငါ့ယောကျာ်းကို ဆားတစ်အိတ်သွားဝယ်ဖို့ ပြောလိုက်တာကို သူက သွေးတွေပေတလူးနေတဲ့ လူရိုင်းတစ်ယောက် မ,ချလာတယ်၊ ငါ့အတွင်းစိတ်ထဲမှာ မြင်ယောင်မိသွားတာက...'

ဝမ်ရှောင်းမျယ်တစ်ယောက် အပြာရောင်apronကိုဝတ်ကာ သစ်သားယောက်မကိုကိုင်ထားရင်း တံခါးပေါက်ဝမှာ ဖျော့တော့နေတဲ့အရာကြီးကိုသယ်ထားတဲ့ ဝမ်ဖုန်းကျင်ကိုသာ အကြောင်သားရပ်ကြည့်နေမိတယ်။

ဝမ်ရှောင်းမျယ် : 'အာ တော်တယ်နော်... သွေးလေးတမျမျနဲ့ လတ်လတ်ဆတ်ဆတ်ကြီး... အမဲဖျက်ဖို့ အဆင်သင့်ပဲ'

'အားးးးးးး!'

ဝမ်ရှောင်းမျယ်ခမျာ သစ်သားယောက်မကို ကိုင်ထားရင်း သတိတောင်လစ်တော့မယ်!

သူ သူ သူ သူ သေ သေ သေ သေပြီ!!!!

ဝမ်ဖုန်းကျင်က ထိုအရာကို ကြမ်းပြင်ပေါ် ဖုတ်ခနဲ ပစ်ချလိုက်တာကို သူ အလန့်တကြားစိုက်ကြည့်နေမိတယ်။

ထိုအရာကြီးက စတင်လှုပ်ရှားလာချိန်မှာ ဝမ်ရှောင်းမျယ်ပိုလို့တောင် ထိတ်လန့်သွားရတယ်။

'အိုး ချီးပဲဟေ့! အသက်ရှင်နေတုန်းပဲ!!!'

ဝမ်ရှောင်းမျယ် သစ်သားယောက်မကို မြန်မြန်ပစ်ချလိုက်တယ်။ သူ ဆောင့်ကြောင့်ထိုင်ကာ သွေးတွေစိုရွှဲနေတဲ့အရာကြီးကို တုန်ရီနေတဲ့လက်ချောင်းတွေနဲ့ ထိုးကြည့်မိတယ်။

"Wu... မထိုးပါနဲ့တော့..." ထိုလူက လက်ကိုကြိုးစားမြှောက်ပြတယ်။

"အိုး! တောင်းပန် တောင်းပန်ပါတယ်! အရမ်းနာနေလား? အရေးပေါ်ကား! အရေးပေါ်ကား! ဖုန်းကျင် အရေးပေါ်ကားခေါ်လေ! သွေးတွေအများကြီးပဲ!... ရောင်းရင်း မင်းက တော်တော်လေးခံနိုင်ရည်ရှိတာပဲ" ဝမ်ရှောင်းမျယ် လက်ကို ချက်ချင်းရုတ်ကာ apronအိတ်လေးထဲက သူ့ရဲ့လက်ကိုင်ဖုန်းကို အလောတကြီးယူလိုက်တယ်။

သို့ပေမယ့် ဖုန်းမခေါ်ခင် ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားတယ်။

"အမ်း... ဖုန်းကျင်..." ဝမ်ရှောင်းမျယ်လည်း တစ်ရှုးတစ်ရွက်ထုတ်ကာ သူ့ရဲ့သွေးစွန်းနေတဲ့လက်တွေကို ဟန်မပျက်သုတ်နေတဲ့ ဝမ်ဖုန်းကျင်ကို ကြည့်မိလိုက်တယ်။ သူ တံတွေးကို မြိုချရင်း ပြောလာတာက "မင်း သူ့ကို ဆော်လိုက်တာတော့ မဟုတ်ဘူးမှတ်လား?"

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]On viuen les histories. Descobreix ara