Chapter 31

517 76 2
                                    

{Unicode}


သူတို့မျက်စိရှေ့မှာတင် တစ်စုံတစ်ယောက် သေသွားခဲ့တယ်။ ကြောက်စရာကောင်းလောက်အောင် နာကျင်ခံစားနေရတဲ့မျက်နှာနဲ့ လည်ပင်းကို လက်ချောင်းတွေနဲ့ ကုတ်ခြစ်ပြီး သူတို့ကို မျှော်လင့်ချက်မဲ့စွာ စိုက်ကြည့်နေစဉ်မှာတင် သူ့မျက်လုံးတွေထဲက အလင်းရောင်က ပျောက်ကွယ်သွားရတယ်။ ဘောလုံးတစ်လုံးကို လေပြားလိုက်သလိုမျိုး ခန္ဓာကိုယ်ရဲ့ အသားနဲ့အရိုးတွေက သူ့နေရာနဲ့သူ မရှိတော့ဘဲ အရေခွံကြီးတစ်ခုသာ ကျန်ရစ်ခဲ့ကာ အဝတ်အစားတွေကလည်း မြေကြီးပေါ်မှာ အပြားလိုက်ကျနေတယ်။

အသက်ရှင်နေသေးတဲ့သူတွေလည်း အလန့်တကြားကြည့်နေမိတယ်။ သင်္ချိုင်းပေါင်းများစွာကို တူးဆွလာခဲ့တဲ့ ဝါရင့်သင်္ချိုင်းတူးသူဆိုရင်တောင်မှ ဒီလိုမျိုး ထိတ်လန့်စက်ဆုပ်ဖွယ်မြင်ကွင်းမျိုးကို အမှန်တကယ်တွေ့ဖူးကြသူ တစ်ယောက်မှမရှိဘူး!

အလွန်ဆုံး သူတို့မြင်ဖူးခဲ့တာဆိုလို့ လှည့်စားထားတဲ့ဖယောင်းတိုင်တွေ၊ မြင့်တက်လာတဲ့အလောင်းတွေ၊ မီးမျက်နှာကျက်နဲ့ သဲရှင်နဲ့ ချိပ်ပိတ်ထားတဲ့ တံခါးတို့သာဖြစ်တယ်။ ထောင်ချောက်တွေနဲ့ တစ္ဆေလုပ်ရပ်တွေကတော့ ထိပ်တန်းစာရင်းထဲပါတယ်။ သို့ပေမယ့် ဒါတွေအားလုံးက အသည်းငယ်သူတွေကို သင်္ချိုင်းတွေထဲက ထွက်သွားအောင် လှည့်စားနိုင်ရုံမျှလောက် လှည့်ကွက်တွေသာဖြစ်တယ်။

နောက်ပြီး ဒါတွေကိုလည်း ဧကရာဇ်တွေရဲ့သင်္ချိုင်းတွေမှာသာ မြင်တွေ့နိုင်တယ်။ ပထမတန်းစား စစ်သူကြီးတွေသို့မဟုတ် ထို့ထက်အဆင့်နိမ့်တဲ့ သင်္ချိုင်းတွေမှာတော့ ဒီလိုမျိုးအထက်တန်းစားထောင်ချောက်တွေ ရှိမနေဘူး။ များသောအားဖြင့် သူတို့အဖို့ နေရာကို အပြောင်ရှင်းပြီး ထွက်လာဖို့ သုံးနာရီလောက်သာလိုတယ်။

သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ နန်းတော်ဂိတ်ပေါက်ကိုတောင် မရောက်သေးခင် သင်္ချိုင်းအရှင်သခင်က သူတို့ဆီကို ဒီလိုမျိုး ကြီးမားတဲ့လက်ဆောင်ကြီးတစ်ခု ပို့ပေးလိုက်ပြီ!

လူကြီးမင်းယန်ရဲ့အနောက်မှာ ကျန်းမူနဲ့ လိန်းကျဲ့တို့ အကြည့်ချင်းဖလှယ်မိကြတယ်။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now