Chapter 37

364 64 8
                                    

{Unicode}

ကောင်လေးတစ်ယောက် တံခါးလာဖွင့်ပေးတယ်။ သူက မိုးရေတွေ သွေးတွေ ရွှဲနေပြီး အုတ်ဂူထဲက အခုတင် တွားသွားပြီးထွက်လာတဲ့ မကောင်းဆိုးဝါးတွေလိုဖြစ်နေတဲ့ လူနှစ်ယောက်ကိုကြည့်ကာ အော်မိသွားတယ်။ ဝမ်ဖုန်းကျင်က ကောင်လေးကို လှမ်းဆွဲလိုက်တာကြောင့် သူ့ရဲ့သွေးတွေ ကောင်လေးကိုယ်ပေါ် အစက်ထင်သွားတော့တယ်။

"သမားတော်ကို ခေါ်! ငါ့ရဲ့ရှစ်ရှုန်း... မျန်တျန်းရှစ်ရှုန်း၊ သူ ဒဏ်ရာအကြီးအကျယ်ရထားတယ်..."

"မျန်တျန်းရှစ်ရှုန်း?!" ကျောင်းတော်ရဲ့ မျန်တျန်းရှစ်ရှုန်းကို ကောင်လေးသိထားတယ်။ ကြောက်နေပေမယ့် မြေပြင်ပေါ်မှာ လှဲနေရတဲ့ဝမ်ရှောင်းမျယ်ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ရွှဲစိုနေတဲ့ဆံပင်နဲ့ ခြောက်သွေ့နေတဲ့သွေးတွေ ဖုံးလွှမ်းထားတဲ့မျက်နှာကို သတိပြုမိချိန်မှာ တအံ့တဩပြောလာတယ် "အာ! မျန်တျန်းရှစ်ရှုန်းပဲ!"

"ကျွန်တော့်ကို စောင့်အုံးနော်၊ အကူအညီသွားခေါ်လိုက်အုံးမယ်!"

ကောင်လေးက အထဲကို သုတ်တီးသုတ်ပြာ ပြေးသွားတော့တယ်။

ဝမ်ဖုန်းကျင်က ဂိတ်ပေါက်ကို မှီကာ ထိုင်ချလိုက်တယ်။ ဝမ်ရှောင်းမျယ်ကိုလည်း သူ့လက်မောင်းတွေကြား ဆွဲသွင်းထားတယ်။ တံခါးတံစက်မြိတ်က မိုးရေကို ကာပေးတယ်။

သူ့လက်ချောင်းတွေက တောင့်တောင့်ကြီးဖြစ်နေပေမယ့် အညင်သာဆုံးသော လှုပ်ရှားမှုလေးနဲ့ ဝမ်ရှောင်းမျယ်မျက်နှာပေါ်က စိုနေတဲ့ဆံပင်တွေကို ရှင်းပေးပြီး ခေါင်းကို သူ့ရင်ဘတ်မှာ မှီထားစေတယ်။ သူ့ပါးကိုလည်း သူ့(ဝမ်ရှောင်းမျယ်)နှဖူးမှာ အသာလေး ဖိကပ်ထားတယ်။

"မကြာခင် သက်သာသွားမှာပါ နည်းနည်းလောက်ပဲ သည်းခံပေးပါနော်၊ အဲ့လူတွေက ကျွန်တော့်ကို မုန်းပေမယ့် ရှစ်ရှုန်းကိုတော့ ကူညီကြအုံးမှာပါ..."

'... မင်းကျတော့ရော?'

'... ဒီခန္ဓာကိုယ်က အနက်ရောင်အစောင့်တွေရဲ့ နှိပ်စက်တာကို သည်းခံနိုင်ပြီး ဒီတောင်ကနေ ထွက်သွားနိုင်မှာ မို့လို့လား?'

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now