Chapter 32

535 67 2
                                    


{Unicode}

တစ်စုံတစ်ယောက်ရဲ့သင်္ချိုင်းဆီကို လျှောက်သွားချိန်မှာ သွားရည်တမြားမြားနဲ့မကောင်းဆိုးဝါးတစ်အုပ်ရဲ့ မျက်စိဒေါက်ထောက် လိုက်ကြည့်ခြင်းခံရတာက ဘယ်လိုနေလဲ?

ဒါက နောက်ဆုံးတန်းမှာထိုင်တဲ့ကျောင်းသားတစ်ယောက်ကို မိန့်ခွန်းပြောခိုင်းဖို့အတွက် စင်မြင့်ပေါ်ကို ခေါ်လိုက်တာနဲ့ အတူတူပဲ။

သူတို့နှလုံးသားထဲမှာ ခါးသက်နေမှုက စကားလုံးတွေကို ထုတ်ပြောဖို့ရာ ခက်ခဲစေတယ်။ ဘယ်လိုနေနေ ဘယ်သင်္ချိုင်းအရှင်သခင်ကမှ သူ့ရဲ့သင်္ချိုင်းထဲကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အလကားပေးဝင်ခိုင်းမှာ မဟုတ်ဘူး။

သူတို့တွေက ကြီးလေးတဲ့မတော်တဆဖြစ်ရပ်တွေအတွက် စီစဉ်လာခဲ့ကြပေမယ့် ဒီလိုမျိုးအဆုံးသတ်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။

အကယ်၍များ ဘေးတစ်ဖက်တစ်ချပ်မှာ သူတို့တွေကို ဆာလောင်စွာ ကြည့်နေကြတဲ့ မကောင်းဆိုးဝါးအတန်းလိုက်ကြီးတွေ မရှိဘူးဆိုရင် သူတို့တွေ တကယ်ကြီး ကော်ဇောနီပေါ်မှာ ရပ်နေရသလို ခံစားရနိုင်တယ်။

ယန်မျိုးရိုးလူက ရှေ့ကိုလျှောက်သွားတယ်။ သူ့အနောက်မှာတော့ ဖြူဖျော့နေတဲ့ ရှောင်လီရှိပြီး ဘေးဘယ်ညာကို စူးစိုက်ကြည့်နေတယ်။

ရှောင်လျို့ကလည်း လက်ထဲမှာ ပစ္စည်းကို တင်းနေအောင် ဆုပ်ကိုင်ထားပြီး ချွေးသီးချွေးပေါက်တို့ ကျဆင်းနေတယ်။ နောက်ဆုံးမှာ သူ့ရဲ့ကျောပိုးအိတ်ထဲကနေ လျှို့ဝှက်လက်နက်ကို ဆွဲထုတ်ပြီး ခပ်တိုးတိုးရေရွတ်လိုက်တယ် "ခုလောလောဆယ်တော့ အမြှီးထောင်ပြီး လှည့်ပြေးချင်နေပြီ"

ကျန်းပိုင်က သူ့နောက်မှာ လျှောက်နေတာဖြစ်လို့ သူ့စကားတွေကြားလိုက်ရချိန်မှာ လှမ်းကြည့်လာတယ်။ သို့ပေမယ့် ရှောင်လျို့က သူ့လက်မောင်းတွေထဲမှာ ကလေးလေးလိုမျိုး ပွေ့ပိုက်ထားတဲ့ လက်နက်ကို မြင်လိုက်တဲ့ခဏမှာ ထိုအရာကို လက်ညှိုးထိုးပြီး ခပ်တောင့်တောင့်ဖြစ်သွားတယ်။

ခေါင်းတလားကြီးထဲမှာ မင်းနဲ့ငါ [ဘာသာပြန်]Where stories live. Discover now