[ကြီးမြတ်တဲ့hostရေ!သူ့ကို'ကောင်းပြီ' လို့တစ်ခွန်းတည်းသာပြန်ဖြေလိုက်ပါ.. သူhostကိုပင်မခန်းမထဲခေါ်သွားနေ တုန်းဇာတ်လမ်းရဲ့ဇာတ်ကြောင်းအကျဉ်း ချုပ်ကိုကျွန်တော်ချက်ချင်းပို့ပေးလိုက် ပါ့မယ်]

ရှောင်းချီကလီလျိုရဲ့စိတ်ထဲမှာ သတိပေးလာသည်။

သူရှောင်းချီရဲ့စကားကိုကြားပြီးနောက် လီလျိုကမည်သည့်စုံစမ်းမေးမြန်းမှုမျှ မပြုလုပ်ခဲ့ဘဲ" ကောင်းပြီ" ဟုတိုက်ရိုက်ပြောလိုက်သည်။

[ဒီခန္တာကိုယ်ရဲ့မူလပိုင်ရှင်ကအခန်းကို စည်းတံဆိပ်ပိတ်ထားပါတယ်...အခင်း အကျင်းကိုပယ်ဖြတ်ဖို့စားပွဲပေါ်က ယပ်တောင်ကိုကောက်ယူဖို့လိုအပ်ပါ တယ်ပြီးရင်ရှေ့ကိုခြေသုံးလှမ်း,လှမ်း လိုက်ပါယပ်တောင်ကိုတစ်ချက်ခတ် လိုက်ပြီးတိတ်တိတ်လေး'ပယ်ဖြတ်' လို့ပြောရင်ရပါပြီ] ရှောင်းချီကဆက် ပြီးပြောပြပေးနေသည်။

ရှောင်းချီရဲ့ညွှန်ကြားမှုအတိုင်း လီလျိုလိုက်လုပ်ပြီးနောက်,နေရောင် ခြည်ထိုးနေဆဲဖြစ်တာကြောင့်သစ်သား တံခါးနောက်မှာရပ်နေသည့်လူရဲ့အရိပ် ကိုမြင်လိုက်ရသည်။

လီလျိုကတံခါးကိုဖွင့်ပြီးအပြင်ထွက် လိုက်သည့်အခါအပြင်ဘက်မှာတောက်ပ သည့်အပြာရောင်ဝတ်စုံအားဝတ်ဆင် ထားသည့်ချောမောသောလူငယ်လေး တစ်ယောက်ကိုမြင်လိုက်ရသည်။ထိုလူ ကလီလျိုထွက်လာသည်ကိုမြင်သော အခါချက်ချင်းသူ့ကိုချဉ်းကပ်လာပြီး လေးလေးစားစားဦးညွှတ်လိုက်သည်။

"ဆရာဦးလေး"

"အမ်း" လီလျိုကထိုလူအားဂရုမထား သည့်ဟန်ဖြင့်ခေါင်းညိမ့်ပြလိုက်ပြီး ပြောလိုက်သည်။

"သွားရအောင်"

[host ရဲ့အင်္ကျီလက်ထဲမှာသစ်ရွက်ပုံစံ ဝိဉာဏ်ကိရိယာတစ်ခုရှိပါတယ်အဲ့ဒါကို ထုတ်လိုက်ပြီးလေထဲပစ်ထုတ်လိုက်ပါ ပြီးရင်'ပျံဝဲ'လို့ပြောလိုက်အဲ့ဒါကကြီး လာပြီးလေထဲမှာမျောနေပါလိမ့်မယ်...
host နဲ့ဒီလူနဲ့အပေါ်မှာထိုင်လို့ရလိမ့်မယ်]

ရှောင်းချီရဲ့ညွှန်ကြားချက်အတိုင်း လီလျိုလိုက်လုပ်လိုက်ပြီးနောက် သေးငယ်သည့်မြစိမ်းရောင်လှေ ကလေလည်မှာပေါ်လာခဲ့သည်။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now