Back to Real World (2)

Start from the beginning
                                    

လီလျိုကဂျင်ချန်းဂျီရဲ့အခန်းတံခါးကိုသာသာလေးဖွင့်၍ဝင်သွားသောအခါအထဲမှအသက်(၄၀)လောက်ရှိလူလတ်ပိုင်းအမျိုးသမီးတစ်ယောက်ကအလျင်အမြန်ထွက်လာခဲ့သည်။သူမကသူ့ကိုမြင်သောအခါထိုလူလတ်ပိုင်းအမျိုးသမီးကနူးညံ့စွာပြောလာသည်။

"ဒါကသခင်လေးလီမှတ်လား?"

လီလျိုကအမျိုးသမီးအားခေါင်းညိမ့်ပြလိုက်ပြီးလှည့်ပတ်ကြည့်လိုက်သည်။

"ချန်းရှဲ့ဘယ်မှာလဲ?"

"သခင်ငယ်လေးကဒီနေ့လုပ်စရာတစ်ခုရှိလို့သူ့အစားပထမသခင်လေးကိုစောင့်ရှောက်ပေးဖို့ကျွန်မကိုခေါ်ထားတာ" လူလတ်ပိုင်းအမျိုးသမီးကပြန်ဖြေသည်။

"အိုး..ဒါဆိုကျွန်တော်ချန်းဂျီကိုကြည့်လိုက်ဦးမယ်" လီလျိုကတံခါးကိုတိတ်တဆိတ်ပြန်ပိတ်လိုက်ပြီးဆေးရုံကုတင်ပေါ်မှဂျင်ချန်းဂျီရှိရာသို့လျှောက်သွားလိုက်သည်။

သူကထိုအဖြူရောင်ဆေးရုံကုတင်ပေါ်မှာပဲတိတ်ဆိတ်စွာလဲလျောင်းနေည်။သူ့ရဲ့ချောမောခန့်ညားတဲ့မျက်နှာကဖြူဖျော့နေပြီးသူ့ရဲ့ရှည်လျားတဲ့မျက်တောင်ဖျားကပါးပြင်ပေါ်ခပ်ဖျော့ဖျော့အလင်းကျနေသည်။

လီလျိုကဆေးရုံကုတင်ဘေးမှာဝင်ထိုင်လိုက်ပြီးလူလတ်ပိုင်းအမျိုးသမီးအားမေးခွန်းအနည်းငယ်မေးလိုက်သည်။သူကစောင်အပြင်မှာထုတ်ထားသည့်ဂျင်ချန်းဂျီရဲ့လက်မောင်းကိုထိကြည့်လိုက်ပြီးအနည်းငယ်အေးနေတာကိုသိလိုက်တာကြောင့်သူ့လက်မောင်းကိုဂရုတစိုက်စောင်အောက်ထည့်ပေးလိုက်လေသည်။

ဂျင်ချန်းဂျီနဲ့နာရီအနည်းငယ်အဖော်ပြုပေးပြီးနောက်လီလျိုကtaxiငှားပြီးအိမ်သို့သာပြန်လာလိုက်သည်။

ပြန်ရောက်ပြီးနောက်လီလျိုကချက်ချင်းသူ့ကွန်ပျူတာကိုဖွင့်ပြီးlogged inဝင်လိုက်သော်လည်း[တိမ်တိုက်ကကြီးမားတဲ့လှေကြီးကိုဖြတ်သန်းသွားတယ်]ကofflineဖြစ်နေဆဲပင်။

လီလျိုကနောက်ထပ်အခန်းသစ်နှစ်ခန်းကိုရေးလိုက်သော်လည်းသူ့ခံစားချက်တော်တော်လေးစိတ်ပျက်လက်ပျက်ဖြစ်နေမိသည်။မူကြမ်းများကိုသိမ်းဆည်းပြီးအခန်းသစ်တင်ပြီးနောက်သူကသူ့ရဲ့တင်ပြီးသားကိုဖွင့်ကြည့်လိုက်သောအခါ[တိမ်တိုက်ကကြီးမားတဲ့လှေကြီးကိုဖြတ်သန်းသွားတယ်]ကမနေ့ကလည်းသူ့ကိုဘာcommentမှဝင်မပေးထားဘူးဆိုတာတွေ့သွားသည်။အရင်ကဆိုရင်ဘယ်လောက်ပဲနောက်ကျနေပါစေသူကသေချာပေါက်သိကောင်းစရာများကိုပြောပြတတ်သည်။အဲ့ဒီအလေ့အကျင့်ကသူပထမဆုံးစာအုပ်ကိုစရေးကတည်းကမပြောင်းလဲဘူးပေ။

(Completed )The Transmigration Routine of Always Being Captured by MLWhere stories live. Discover now