2.07

3.4K 467 35
                                    

Unicode


TN/ အားလုံးပဲ မင်္ဂလာပါနော်။
fb မှာ လာ add ပေးလို့ ဝမ်းသာမိပါတယ်။ အခုတစ်ပိုင်း တင်ပေးလိုက်ပါတယ်။ ဒါနဲ့လေ body double ဆိုတာလေးလည်း တင်နေပါတယ်..ongoing ပါ။ complete ဖြစ်သွားတာတော့ နှစ်ပုဒ်ရှိပါပြီ။ payback နဲ့ I never knew the world was this bright ပါ။ မဖတ်ရသေးရင် သွားရောက်ဖတ်ရှုကြည့်ပါဦးနော်။ ချစ်စရာလေးတွေပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

_____________________


လူအမြောက်အမြား သွားလာနေသည်မို့ မြို့တော်၏ညက ပျားပန်းခပ်စည်ကားလှသည်။ အဆုံးမရှိသည့် လူပင်လယ်ကြီးဖြစ်နေကာ အနံ့အသက်ပေါင်းစုံနှင့်။

ကျန်းယွမ်နှင့် ရီကျင်းတို့သည် သူတို့၏ဖိအားများကို ဖယ်ရှားရန် မြို့ထဲသို့လည်ပတ်ကြ၏။ အစားတွေစားကာ...အဆို၊အကများကို ကြည့်ကြသည်။ ညခင်းက အင်မတန်သက်ဝင်လှုပ်ရှား နေပြီး အထူးသဖြင့် ရပ်ဝန်းနီတွင် ဖောက်သည်များကို စောင့်စားနေသည့် အလှကလေးများမှာ အတွင်းရော အပြင်၌ပါ ရှိနေကြသည်။


သူ့သူငယ်ချင်းတစ်ယောက် အနည်းငယ်စိတ်ပျော်ရန် လိုအပ်သည်ဟုတွေးကာ ရီကျင်းသည် လူရိုးကလေးကျန်းယွမ်ကို ရပ်ဝန်းနီသို့ ဦးဆောင်ခေါ်လာလေသည်။



မိန်းကလေးတွေလား?
မိန်းကလေးတွေ နှင့် ထိုကိစ္စလုပ်ဖို့အကြောင်း စဥ်းစားကြည့်ရုံနှင့် ကျန်းယွမ် စိတ်မသက်သာခံစားရသည်။ သို့သော် ယောက်ျားတစ်ယောက်ကို စဥ်းစားကြည့်လျှင်လည်း မည်သည့်တစ်ယောက်ကမျှ သူ့ကို စိတ်သက်သာရာ ရစေသည်မဟုတ်။ သူ ထိုလိင်တူစုံမက်သူဆိုတာကြီး ဖြစ်လာရသည်မှာ ပိုင်ရှောင်ဟန်ကြောင့်မဟုတ်လော။ ထိုအတွေးနှင့် ကျန်းယွမ်ကို သွေးလန့်သွား၏။


'နေပါဦး....
ငါက လိင်တူစုံမက်သူတစ်ယောက်လား...?
ပိုင်ရှောင်ဟန်နဲ့သာ စုံမက်ခြင်းပါနော်...အခြားယောက်ျားများကို မဆိုလို...ဟုတ်တယ်ဟုတ်?'



"ဟုတ်တယ်"

ကျန်းယွမ်
မိမိဘာသာ အဆိုပြု၍ မိမိဘာသာ ထောက်ခံလိုက်သည်။
သူတို့ ဆောင်ကြာမြိုင်တစ်ခုသို့ဝင်သွားသောအခါ ထောင့်တိုင်းတွင် အလှကလေးများကိုတွေ့ရသည်။ တစ်ချို့မှာ အမျိုးသားများကို ဖျော်ဖြေနေကြပြီး တစ်ချို့မှာ သူတို့ကိုခေါ်မည့် အမျိုးသားကို ရပ်လျက်​စောင့်နေကြသည်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Wo Geschichten leben. Entdecke jetzt