1.22

10K 1.1K 57
                                    

Unicode

နောက်ဆုံးတော့ သူတို့ C နိုင်ငံကို ပြန်ခဲ့ကြပြီ။ ပိုင်ရှောင်ဟန် ငါးရက်တောင် ပျောက်သွားရတဲ့အကြောင်း ထိုင်ဝမ်မှာ ဘာဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်း ရှင်းပြပြီးနောက် ရွှယ်မင်ကလည်း ဆိုနာမက သူ့ကို မုဒိမ်းကျင့်ခံရအောင် ကြံစည်ဖူးကြောင်း ပြန်လည်ဖောက်သည်ချပါတယ်။

ပိုင်ရှောင်ဟန်လည်း ပေါက်ကွဲပြီး သူ့ ကုမ္ပဏီ မှာပဲ အလုပ်လုပ်နေတာဖြစ်တဲ့ ဆိုနာ နဲ့ တေ့တေ့ဆိုင်ဆိုင်သွားရှင်းဖို့ လုပ်ပါတယ်။ သူ့ရဲ့စိတ်ထဲမှာ အကြံစည်တစ်ခုခု ရှိထားသလိုမျိုးနဲ့ ညစ်ကျယ်ကျယ် ပြုံးလိုက်ပါတယ်။

သူ့ကို ချစ်ဇနီးက ဒီတိုက်ပွဲမှာ ဝင်မပါစေချင်ဘူး။ သူက ဘာကြောင့် သူမရဲ့ အမှားကို မနင်းချေဘဲနေရမှာလဲ။

"အဲလိုကြီး မပြုံးနဲ့.." လို့ ရွှယ်မင်ကပြောပြီး ဆက်လက်ချက်ပြုတ်နေတယ်။ ရှောင်းဟန်က တခိခိရယ်ပြီး မေးကြည့်တယ်။

"အကြောင်းက?"

"ကို တစ်ခုခု မကောင်းတာကြံနေပြီလေ။ ကို့ အပြုံးကို မြင်တာနဲ့သိတာပေါ့....အင်း...ဒါပေမဲ့ အခုနက ဆယ်ဆလောက် ပိုကြည့်ကောင်းသွားသလိုပဲ။"

ပိုင်ရှောင်ဟန် ချက်ချင်းပြုံးဖြီးသွားတယ်။အခုလေးတင် သူ မကောင်းတာတွေကြံနေတယ်ဆိုတာကို မကန့်ကွက်သလို ငြင်းလည်းမငြင်းပါဘူး။

"ချက်လို့ ပြီးပြီလား"
မောပန်းလာတဲ့ Rex က သူ့ရဲ့မျက်လုံးတွေကိုပွတ်ရင်း မီးဖိုခန်းထဲသို့ ဝင်လာတယ်။

"ဗိုက်ဆာလို့လား?"

ရွှယ်မင်က ယောက်မကို လက်တစ်ဖက်ကကိုင် Rex ကို ခေါင်းဖျားခြေဆုံး ကြည့်ပြီး မျက်ခုံးတစ်ဖက်ပင့်ကာ မေးတယ်။

"ခြင်ကျားကြီးက ခင်ဗျားကို ထပ်ကိုက်သွားပုံရတယ်...ဟမ်"
သရော်သံအပြည့်နဲ့ ရွှယ်မင်ကပြောလိုက်တယ်။

Rex က ဖြတ်ရိုက်ခံလိုက်ရသလို နီမြန်းသွားပြီး ရှောင်းဟန်ကတော့ မင်ယွိကို မနာလိုစွာ ချက်ချင်းလှည့်ကြည့်တယ်။

သူက 'တို့ဖူး ဘယ်ဝယ်ရောက်နေသလဲကွယ်' သီချင်းဆိုနေရချိန်မှာ မင်ယွိကတော့ သူ့တို့ဖူးသူ ဝဝစားနေရတယ်။ ရှောင်းဟန်မှာတော့ အကြင်နာတစ်ချက်တောင် လက်ခံမရဘူး။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now