1.17

9.7K 1.2K 111
                                    

Unicode


"ကျွန်မ ရှင့်ကို ဒေါ်လာ ၅၀၀၀၀ ပေးနိုင်တယ်" လို့ သူမက အပြတ်ပြောတယ်။

"ဝိုး.....မင်းဆီက ရမယ့်အကျိုးအမြတ်က များသားပဲ! ကံဆိုးတာက ငါ့အနေနဲ့ ဘာမှမလုပ်ပဲတောင် တစ်ပတ်ကို ဒေါ်လာတစ်သန်း အေးဆေးဝင်အောင်လုပ်နိုင်တယ်။ အခု အလုပ်အတွက်မင်းပေးလာတဲ့ ပမာဏက ငါ့အတွက် ဖွဲဆန်ကွဲပဲ..." လို့ မျက်နှာဖုံးနဲ့ အမျိုးသားက ထိုမိန်းမကို ပေါ်တင်လှောင်တယ်။ သူမပုံစံက သူမကို အချိန်မရွေးစားပစ်လို့ရတဲ့ ကောက်ကျစ်တဲ့ မြေခွေးကြီးရှေ့မှာ လာညှိနှိုင်းနေတဲ့ ယုန်သငယ်နဲ့ တူနေပြီ။

"ငါ..." ဆိုပြီး သူမစကားက ယာယီတုန့်ဆိုင်းသွားတယ်။ပြီးတော့ သူမရှေ့မှာ ထိုင်နေတဲ့ အမျိုးသားကို စိုက်ကြည့်လိုက်တယ်။

"ငါ့ရဲ့ ခန္ဓာကိုယ် ကို ရှင့်ကိုပေးနိုင်တယ်" လို့ သူမက အရှက်သည်းပုံနဲ့ပြောတယ်။

မျက်နှာဖုံးဝတ်ထားတဲ့ အမျိုးသားဟာလည်း အောင့်မထားနိုင်ဘဲ ဝါးလုံးကွဲရယ်တော့တယ်။ သူ့ရဲ့အကူအညီကို ရဖို့ အသည်းအသန်ကြိုးစားနေတဲ့ ထိုကောင်မလေးက သူ့ကို အဟုတ်ဖျော်ဖြေနေသလိုပဲ။

"ကောင်းပြီလေ...ဒါဆို..သူ့နာမည်က ဘာတဲ့? ရွှယ်မင်?"

____________

"ကျွန်တော် နောက်တစ်ပတ် ဒါမှမဟုတ် အဲ့လောက်လောက် ပြန်လာမယ်လေ" လို့ ငါက ငါ့ခါးပေါ်က သူ့လက်တွေကို ကော်ထုတ်ဖို့်ကြိုးစားရင်းပြောလိုက်တယ်။

"မရဘူး..." ဆိုပြီး
ငါ့ရဲ့ ရင်ခွင်ထဲကို ခေါင်းတိုးဝင်ပြီး ငါ့ခါးကိုတင်းတင်းဖက်ကာ သူက ပေကတ်ကတ်ပြောတယ်။

ဟုတ်တယ်...အခု ငါ ငါ့ဘဲရဲ့လက်ထဲကနေ လွတ်မြောက်အောင် ကြိုးစားနေရတာ။ လွန်ခဲ့တဲ့ ရှစ်ရက် ကျော် ငါသူ့ရုံးကိုသွားစဉ်က သူ့ရဲ့ခံစားချက်တွေကို လက်ခံလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။လွန်ခဲ့တဲ့ ရက်သတ္တပေါင်းများစွာ သူနဲ့ အတူရှိခဲ့တဲ့ရက်တွေ အတွင်း သူ့ရဲ့ အပြုအမူတွေအပေါ် ငါစိတ်ယိုင်ခဲ့တယ်ဆိုတာ မငြင်းတော့ဘူး...အဲဒီကနေ တဖြည်းဖြည်း သူ့ကို နှစ်သက်လာခဲ့တယ်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now