2.18

3K 265 12
                                    

Unicode

ရထားလုံးထဲမှ ထွက်သည်နှင့် ရီကျင်း ပြိုင်ပွဲကျင်းပသည့်နေရာဆီ အရူးတစ်ယောက်လို ပြေးလေသည်။

ရွှီဝမ် အကူညီမဲ့စွာပဲ သူ့ကိုကြည့်နေမိသည်။ သည်ကောင်ကလေး သခင်လေးကျန်းနှင့်ပတ်သတ်လျှင် တရားလွန်အဖြစ်သည်းလေသည်။

ရီကျင်းရောက်သည့်အချိန်တွင် ပြိုင်ပွဲက နောက်ဆုံးပွဲစဥ်သို့ရောက်နေပြီဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်  ကျန်းယွမ်၏အလှည့်ဖြစ်သည်။

ကျန်းယွမ်၏ ပြိုင်ဘက်မှာ ကလန်ကြီးလေးခုမှ တစ်ခုဖြစ်သော ဟွေ့ကလန်၏ တတိယသခင်လေးဖြစ်သည်။

ဤတစ်ကြိမ်တွင် ကျန်းယွမ်၏ပြိုင်ဘက်မှာ ခက်ခဲသူတစ်ယောက်ဖြစ်မှန်း ရီကျင်းသိသည်။

အဆိုပါ တတိယသခင်လေး ဟွေ့ချောင်၏ ဓားပညာမှာ ပြိုင်ဘက်ကင်းပြီး ကောင်းကင်ဘုံရော ငရဲဘုံတွင်ပါ သူ၏ဓားပညာကို ရှုံးနိမ့်စေမည့်သူ
တစ်ဦးတစ်ယောက်မျှ မရှိကြောင်း ကောလဟာလရှိသည်။

ရီကျင်း ချွေးနည်းနည်းစို့မိ၏။ ခက်ခဲသည့်ပြိုင်ပွဲတစ်ခု ပေါ်ပေါက်လာပေတော့မည်။

ကျန်းယွမ်ကတော့ ခိုင်ခိုင်မတ်မတ်ရပ်နေပြီး ဤတံခွန်စိုက်ပြိုင်ပွဲတွင် အနိုင်ရရန် ဆုံးဖြတ်ထားသည်။

ဟွေ့ချောင်က ဦးစွာ လှုပ်ရှားမှုပြု
လိုက်ရာ တိုက်ပွဲကလည်း စတင်ပေါ်ပေါက်လာပါ၏။

မျှော်လင့်ထားသကဲ့သို့ပင် ဟွေ့ချောင်ကိုအနိုင်ရရန်မှာ ကျန်းယွမ်အတွက် ခက်ခဲသည့်အခါပါပေ။

____________

အများစုမျှော်မှန်းထားသလို ကျန်းယွမ်ရှုံးနိမ့်ခဲ့ပါ၏။ System မှာ စိတ်ဓာတ်ကျနေသည်။

"အခု ဘာလုပ်ကြမလဲ...? မင်းရှုံးသွားပြီ။ ဒါက သူရဲ့ဆန္ဒကို မဖြည့်ဆည်းနိုင်ဘူးလို့ အဓိပ္ပါယ်ရတာပဲ"

'သူ့ရဲ့ ဆန္ဒက တံခွန်စိုက်ပြိုင်ပွဲကို အနိုင်ရဖို့။ ငါ မနိုင်ခဲ့ဘူး။ သူ့ဆန္ဒတွေထဲက တစ်ခုက ကျန်းယွမ်ကို မရွေးချယ်ခဲ့လို့ နင်းရှီကို နောင်တရစေချင်တာ ပြီးတော့ အခြားတစ်ခုက သူ့ရဲ့ကလန်ကို သူ့ကြောင့် ဂုဏ်တက်စေချင်တာ။ တခြားနှစ်ခုကတော့ အခွင့်အရေးရှိနေတုန်းပဲ...နင်းရှီကတော့ ကျန်းယွမ်ကိုမရွေးချယ်မိလို့ နောင်တတွေရနောက်လောက်ပြီဆိုတာ ငါ့ဘက်က တော်တော်သေချာတယ်'

You've reached the end of published parts.

⏰ Last updated: May 09, 2021 ⏰

Add this story to your Library to get notified about new parts!

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now