1.02

19K 1.5K 35
                                    


Unicode

ဆယ်နှစ်ကြာပြီးနောက်။

ဟုတ်တယ်။

ဆယ်နှစ်ကြာပြီးနောက် ဘယ်လို
အကောင်းဆုံးချက်ပြုတ်ရတယ်ဆိုတာကို သင်ယူတတ်မြောက်ခဲ့ပြီး နောက်ဆုံးမှာ စားဖိုခန်းက ထွက်လာနိုင်ခဲ့ပြီးငါ့ရဲ့ ကမ္ဘာသစ်နဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ရပြီ။

ဒီနှစ်တွေ အတောအတွင်းမှာ system နဲ့ ငါနဲ့လည်း close friend တွေဖြစ်ခဲ့ကြတယ်။ ငါ မှားယွင်းတဲ့အခါတိုင်း ငါ့ခေါင်းထဲကနေ ချီးထုပ်လို ဆူပူနေပေမဲ့လည်းပေါ့။

'အကြင်နာမဲ့ တဲ့ နည်းပြ။ စောင် system။ ငါရဲ့ ကလဲ့စားကို ဘယ်လိုပြန်ယူမလဲ ကြည့်လိုက်ဦး။'

" host ငါမင်းရဲ့ စိတ်ကို ဖတ်နိုင်တယ်။"

"သိဒေ 😒"

" ဘာပဲလာလာ ၊ ငါတို့ရဲ့ နောက်ထပ်ကမ်ဘာသစ်ကို ရွေ့ရအောင်။ ရင်တွေခုန်လိုက်တာ။ "

အဲ့ဒီနောက်မှာတော့ အမှောင်ရဲ့ဝါးမြိုခြင်းကို ငါခံလိုက်ရတယ်။

_______________________

မျက်နှာကြက်ကို ကြည့်ရက်အနေအထားနဲ့ ငါနိုးလာတယ်။ ဘယ်လောက်ကျယ်တဲ့ မျက်နှာကြက်လဲ။

" host , မင်းက ကြမ္မာသားကောင်ဖြစ်တဲ့ ရွှွယ်မင် ရဲ့ ကိုယ်ထဲမှာ။ ရွှယ်မင်က လူကောင်းကလေးပဲ။ သူက ထူးထူးကဲကဲ သားနားလွန်းလို့ သူ့ကိုကြည့်မိတဲ့ ဘယ်သူမဆို မျက်တောင်ခတ်ဖို့ မစွမ်းနိုင်ကြဘူး။ but သူရဲ့ နှလုံးသားကတော့ မည်းနက်တယ်။ ဘာကြောင့်လဲဆို သူငယ်ငယ်က သ့ူရဲ့အမေက ဖျက်စီးခဲ့လို့။ သူငယ်ငယ်က သူ့ရဲ့ အမေက သူ့ကို အဓ္ဓမလုပ်ဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ဒီကိစ္စအတွက် စွပ်စွဲခံရတယ်။ ကောင်းတာတစ်ခုကတော့ သူ့ရဲ့ပထွေးဖြစ်သူက ရွှယ်မင်ကိုကူညီနိုင်ခဲ့ပြီး အဲသည်အတွက်ကြောင့် သူ့ကို စောင့်ရှောက်ခွင့်ရခဲ့တယ်။ ရွှယ်မင်ဟာ သူရဲ့ မှောင်မိုက်ခဲ့တဲ့ ငယ်စဉ်ကာလကြောင့် မှားယွင်းတဲ့သဘောထားတွေ ရှိခဲ့ပြီး ဆိုးရွားပျက်စီးတဲ့သူငယ်လေး ဖြစ်ခဲ့တယ်။ သူကြီးပြင်းလာတာတော့ ချမ်းသာတဲ့လူနေမှုဘဝနဲ့။သူ့ရဲ့အဖေက သူ့ကို အမှန်တကယ်တုန်နေအောင်ချစ်တာမလို့ အဲ့ဒီဘဝမှာ သူအလိုရှိရာ ဘာကိုမဆို ရရှိတယ်။ အချိန်တွေကြာလာတာနဲ့ အမျှ ရွှယ်မင်ဟာလည်း မြို့ထဲမှာ နံပါတ်တစ် playboy တစ်ယောက်ဖြစ်လာတော့တယ်။ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းက သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အမျိုးသမီးဇာတ်ဆောင်တွေကို အမြဲနှောက်ယှက်ဒုက္ခပေးတဲ့သတင်းကြောင့် တစ်စတစ်စ ယိုင်နဲ့လာတယ်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now