1.21

9.6K 1K 52
                                    

Unicode

မသိဘူး။ အထူး ဘာမှ မသိဘူး။
🚫❌❌❌🚫

__________

"မိန်း...မ"

ဂုဏ်သရေရှိ VIP customer ကြီးက လက်ထဲမှာကိုင်ထားတဲ့ ဖန်ခွက်ကို တင်းတင်းကျပ်ကျပ် ဖျစ်ညစ်ပြီး အံကြိတ်ရေရွတ်လိုက်ပါတယ်။ ဖန်ခွက််ငယ်ဟာ အနည်းငယ်ပဲ အားစိုက်ထုတ်၊ ကွဲတော့မှာပါ။ သို့သော် ဤဧည့်သည်ကား လားလားမျှ ဂရုမစိုက်ပါချေ။

တစ်စုံတစ်ယောက်သောသူနှင့် မြူးတူးနေပုံရတဲ့ အနှီပုဂ္ဂိုလ်လေးကို အာရုံစိုက်နေပါတယ်။ မူလက သူဒီကိုလာခဲ့တာ သူ့ခေါင်းကိုဆေးပစ်ဖို့။ သူ့ရဲ့ ချစ်သက်ထားလေး ကို တစ်ဦးတစ်ယောက်က ရှင်းထုတ်ပစ်ချင်နေတယ်လို့ ယုံကြည်ရသူထံမှ အကြောင်းကြားလာသည့်ဖုန်းကို လက်ခံရခဲ့တာကြောင့် ထိုအဖွဲ့ကို သူတတ်နိုင်သမျှမြန်မြန် မြေလှန်ပစ်ဖို့ဆုံးဖြတ်ခဲ့တယ်။

လက်စက တုံးလုလုဖြစ်ပေမဲ့ မကုန်စင်သေးဘူး။ သူ့မိန်းမကို ခြိမ်းခြောက်လာမယ့် အနှီဆူးညှောင့်ခလုတ်ကို သူ အမြစ်ဖြုတ်လိုသေးတယ်။ထိုမျှလောက် အဓိပ္ပါယ်မဲ့လှသည့် ကိစ္စကိုတောင်းဆိုခဲ့သော ရှာမသိသေး တရားခံကား တစ်ဦးတည်းသာဖြစ်သည်။ သူ့မိန်းမကိို သေစေချင်နေတဲ့  လက်သည် အကြောင်း သူနှင့် ဂိုဏ်းခေါင်းဆောင်တို့ တေ့တေ့ဆိုင်ဆိုင် ပြောဆိုနေစဉ်၊ ကံမကောင်း အကြောင်းမသင့်ချင်တော့ အမှတ်တမဲ့နှင့် သူက မောင်းခလုတ်ကို ဖြုတ်ချမိခဲ့လေသည်။

စောင်သုံးမကျတဲ့ ဟာကြူလီ ငကြောက်ပျော့က အသက်မှမငင်ဘဲ သေသွားမယ်လို့ ဘယ်သူထင်မှာလဲ။ သူ့မှာ နာမည်လေးမျှတောင် သိခွင့်မရလိုက်ရှာဘူး။

သူ့မှာ သူ့ရဲ့မိန်းမကို အသည်းအထန် လွမ်းဆွတ် နေခဲ့ပြီး ချက်ချင်းတွေ့လိုခဲ့တာ အမှန်ပဲ။ သို့သော်လည်း မတွေ့ခင် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ချင်ခဲ့တာ။ ကတည်း...အခုတော့ သူ့မိန်းမက အခြားငနဲတစ်ကောင်နဲ့ ပလူးနေတယ်လို့။

သူက သူ့ရဲ့ထိုင်ခုံမှ မတ်တပ်ရပ်ကာ VIP ဧရိယာထဲမှ ချက်ချင်းထထွက်ခဲ့တယ်။ သူ၏အနောက်က အမည်းဝတ်အမျိုးသားများကလည်း အရိပ်တစ်ခုလို အချိန်မဆိုင်းကပ်လိုက်လာတယ်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now