1.16

10.5K 1.2K 73
                                    

Unicode

ငါတို့ အခု သူ့ရုံးခန်းထဲမှာ....
သပ်ရပ်နေပုံက ပုံဖော်ပြဖို့တော့ ခက်တယ်။

"ဒါဆို အခု ကျွန်တော်က ဘာသွားလုပ်ရမှာလဲ...ခင်ဗျားကို 'တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်' ရမယ်လို့တော့ မပြောနဲ့နော်"
လို့ သူ့ကို ဘုဆတ်ဆတ်မေးလိုက်ပြီး သူ့ရဲ့ အတွင်းရေးမှူးကို ပေစောင်းစောင်းကြည့်ပေးလိုက်တယ်။ အတွင်းရေးမှူးက ပရိုကျကျအပြုံးကို ထိန်းသိမ်းထားဆဲပေမဲ့ သူ့ရဲ့မျက်လုံးတွေ ဂနာမငြိမ်တာကို ငါတွေ့နေရတယ်။

"မိန်းမ..ဖြစ်နိုင်ရင် မင်းက ကို့မျက်နှာကိုတစ်နေကုန်ကြည့်နေစေချင်တာ..ဒါပေမဲ့ ကို့အလုပ်တွေ တစ်နေ့လုံးမပြီးမှာ ကြောက်နေလို့" ဟု
သူက ငါ့ကို သားကောင်ချောင်းချောင်းကာ ကောက်ကျစ်စွာပြောတယ်။

ငါသူ့ကို ရုပ်တည်နဲ့ပဲ ကြည့်လိုက်တော့တယ်။ သူ့ရဲ့ အရှက်မဲ့တာတွေကို တော်တော်လေး ရင်းနှီးနေပါပြီ။ သူ့ရဲ့ ပေါက်ပန်းစေးစကားတွေကို ပြန်မဖြေတော့ဘဲ ငါ့ဖာသာ ဒီအလကားနေရာနေ ထွက်သွားဖို့လုပ်လိုက်တယ်။

"မိန်းမ..."

လာပါပြီ..အဲ့မှာ..
သတင်းကြီးနေတဲ့ ပါပီeye ဆိုတာနဲ့ မျက်ရည်ချူ သံ။ သူသိတယ်လေ ဒီလိုလုပ်ရင် ငါ စိတ်ပျော့သွားမယ်ဆိုတာ။

'ပြန်မကြည့်နဲ့... ပြန်မကြည့်နဲ့'

'အိုင်း....ဖာ့ခ်... '

ငါ့ကိုကြည့်နေတဲ့ ပါပီeye နဲ့ စူတူတူမျက်နှာလေးကို မြင်ရဖို့ ငါပြန်ကြည့်မိလိုက်တယ်။ သူ့ပုံက မျှော်လင့်ချက်မဲ့နေတဲ့ ချစ်စရာရုပ်လေး။

'အား.....ဘာကိစ္စ သူက ချစ်ဖို့ကောင်းတယ်လဲ? ချစ်ဖို့ကောင်းတယ် တွေးရတာလဲ? ရူးနေလား?'

အဲဒီ ချစ်စရာဘုရင်ကြီးက ငါ့ကို အရိုးရောအသားရောစားပြီး ငါ့ဘဝကို သူ့လက်ခုပ်ထဲမှာတင် အဆုံးသတ်ပစ်လိုက်မှာ။

အတွင်းရေးမှူးခမြာ မူးမေ့လဲတော့မတတ်ဖြစ်သွားပေမဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဟန်ကို အလျင်အမြန်ပြန်ထိန်းလိုက်တယ်။

"မိန်းမ......ထားမသွားပါနဲ့လို့"
ဆိုပြီး သနားစဖွယ် ပြောပြန်တယ်။

မင်းရယ် ကိုယ်ရယ် စကြဝဠာကြီးရယ်Where stories live. Discover now