အပိုင်း(၂၄)

Start from the beginning
                                    

ရောင်နီရှိုင်းက ဆောက်လုပ်ရေးအတွက် လုံးပန်းနေသလို မိုးတိမ်ထွဋ်ကလည်း သူ့စီမံကိန်းအောင်မြင်ရေးကို အားစိုက်နေသည်။
ထို့အတူ လင်းလက်ရွှေရည်သည်လည်း စာမေးပွဲအတွက် ကြိုးစားနေရလေသည်။

"သမီးလေး စာတွေက ရပြီလား"

"ရပါပြီ မေမေ အခုက ပြန်နွှေးနေတာပါ"

ဆယ်တန်းလောက်တော့ တက္ကသိုလ်က မခက်ပေ။ပထနှစ်တောင် အဆင်ပြေပြေပြီးသွားပြီမို့ ဒုတိယနှစ်က လင်းလက်အတွက် ထွေထူးပြီးရင်ခုန်နေစရာမလိုပေ။စာတွေက အနည်းငယ်တော့ ခက်ပေမယ့် ထင်ကြေးရထားသလောက်ကိုတော့ ပိုင်အောင်ကြည့်ထားလိုက်သည်။

စာမေးပွဲပြီးရင် သမီးလေးက အိမ်ထောင်သည်ဘဝသို့​ရောက်တော့မည်မို့ ဒေါ်လင်းလက်ကြယ်လည်း သမီးလေးကို ပိုပြီးဂရုစိုက်ပေးလိုက်သည်။

စာမေးပွဲပြီးရင်ဆိုတဲ့ အတွေးဝင်လာသည်နှင့် လင်းလက်ရွှေရည်လည်း ဖတ်လက်စ စာအုပ်လေးကိုပိတ်ပစ်လိုက်တော့သည်။

ဒါန်းလေးပေါ်မှာ လက်ကလေးနှစ်ဖက်ကိုထောက်ရင်း ခြေထောက်လေးတွေကို လှုပ်ခတ်နေလိုက်သည်။တငြိမ့်ငြိမ့်လှုပ်ရှားသွားသော ဒါန်းကလေးနှင့်အတူ လင်းလက်ရွှေရည်ရဲ့အတွေးတွေကလည်း ချစ်ခြင်းကင်းသော အိမ်ထောင်ရေးတစ်ခုကို ပုံဖော်ကြည့်မိလိုက်တော့သည်။

"ကိုရှိုင်း၊ ငါ ၊ ကိုမိုးတိမ်ထွဋ်
ငါသဘောကျတဲ့ ကိုမိုးတိမ်ထွဋ်
ကိုမိုးတိမ်ထွဋ် သဘောကျတဲ့ ကိုရှိုင်း
ကိုရှိုင်းရဲ့ ဇနီး ငါ...ဟင်း..."

လင်းလင်ရွှေရည်လည်း တီးတိုးစွာရေရွတ်လိုက်ပြီး သက်ပြင်းချလိုက်တော့သည်။စိမ်းနုနေသော မြက်ပင်လေးတွေကို
ခြေမလေးနှင့် ပွတ်သပ်နေလိုက်သည်။

"ကိုမိုးတိမ်ထွဋ်ကို ငါ မေ့လိုက်သင့်လား
ဟင့်အင်း ဒါလည်းမဖြစ်နိုင်ဘူး
ဒီတိုင်းလေးသဘောကျနေတာ အဆင်ပြေပါတယ် သူမှမသိဘဲ
ငါ့ကြောင့် သူမှ မနာကျင်ဘဲ
ငါသာ သူ့ကြောင့်..."

လင်းလက်ရွှေရည်လည်း အတွေးစကိုဖြတ်ပြီး အိမ်ထဲသို့ဝင်လာခဲ့လိုက်သည်။

စားမေးပွဲဖြေရန်အတွက် လိုအပ်သည့် ကျောင်းသားကဒ်၊ဘောပင်ကအစ အကုန်ပြင်ထားလိုက်တော့သည်။

At the end of the hate(Completed) Where stories live. Discover now