"အကုန်ထုပ်ပိုး
ပြီးပြီလား?"

"အင်း...ဒီအခန်းကို
ငါတစ်ယောက်တည်းသုံးတာဆိုတော့ အများကြီးထုပ်ပိုးစရာမလိုပါဘူး"

Ran Feng Ge က လူချင်းခွာကာ ခေါင်းကိုစောင်း၍ ပြုံးပြသည်။

" ငါ့ကို ခေါ်သွားဖို့ ကျေနပ်နေတာလား ပြော.."

"ဟုတ်ပ ဟုတ်ပ"

Su Yi Moက လက်လှမ်း၍ တစ်ဖက်သူ၏ အင်္ကျီကို ကြယ်သီးတပ်ပေးသည်။ ကြယ်သီးတစ်လုံးတပ်တိုင်း သူ၏ လက်ချောင်းထိပ်ကလေး များက ထိုအမျိုးသား၏ ရင်ဘတ်ကို ပွတ်သပ်လို့သွား၏။ အတော်ကလေး မနေတတ်အောင်ခံစားရပြီး Ran Feng Ge က ခေါင်းကို အဝေးသို့လွှဲသည်။ အခြားတစ်ဖက်တွင်မူ Su Yi Mo က တည်တည်ငြိမ်ငြိမ်နှင့် ဆက်ပြောလာပါ၏။

"မင်းကို ခေါ်သွားရမှာ တကယ် ကျေနပ်နေတာ"

သူက သူ၏ စကားလုံးများကို အလေးပေးရန် Ran Feng Ge၏ ရင်ဘတ်ကို လက်ဖျားလေးတစ်ချောင်းနှင့် ဖိရင်း ပြောလိုက်သည်။

ထိုသည်ကိုကြားလျှင်...Ran Feng Ge၏ မျက်နှာက တဖြည်းဖြည်းနီတွတ်လာ၏။ သို့သော် ထိုအရာမျိုးက သူထိန်းချုပ်နိုင်သည်မဟုတ်...။ သူ့မှာ တမင်တကာမလုပ်ရပါဘဲ ရှက်သွေးဖြန်းသွားသည်။ထို့နောက်  အခြေအနေကို အခွင့်ကောင်းယူ၍ Su Yi Mo ၏လက်ကိုဆွဲကာ မေးမြန်းလိုက်သည်။

"ဒါဆို...အခု သွားကြတော့မလား"

"သွားစို့!"

Su Yi Moက သူတို့၏လက်များကို ချိတ်လိုက်သည်။ ပြီးလျှင် တံခါးရှေ့က ပရိသတ်ကိုနှုတ်ဆက်ရန် ထိုပုံအတိုင်း လျှောက်ထွက်လာကြ၏။

Su Yi Mo သည် သူကိုယ်တိုင် ဂျာနယ်လစ်များဆီ သတင်းယိုစိမ့်ခဲ့စေသည်လားတော့ Ran Feng Ge မသိ။ သို့သော် အဓိကသတင်းမီဒီယာကြီးများကမူ Jing Qiu Han တစ်ယောက် အပြည့်အဝပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှဆင်းတော့မည်ဟူသော သတင်းသံတိုးတိုးသဲ့သဲ့ကို ကြားထားပြီးဖြစ်သည်။ ပထမအဆင့်ဆေးရုံ၏ တံခါးများအပြင်ဘက်တွင်မူ ထိုးဖောက်မရနိုင်သော သတင်းသမား ထုကြီးသည် ထွက်လာ​တော့မည့် သူတို့၏ သားကောင်ကို စောင့်မျှော်လို့နေကြသည်။



လူစားထိုး Where stories live. Discover now