Ch 22

744 165 14
                                    

Unicode

Chapter 22

Ran Feng Ge ပြတ်သားစွာဖြင့် သူ့လျှာကို ကိုက်ချလိုက်သည်။
စူးရှသည့်နာကျင်မှုက တစ်ကိုယ်လုံးမှာထိုးတက်လာ၏။ အနည်းဆုံးတော့ ယခုနေ မေ့ဆေး၏အကျိုးဆက်ကြောင့် သူ သတိလစ်သွားတော့မည်မဟုတ်။ သူ Lan Kuang ၏ပုခုံးကို အားနှင့်လှုပ်ခါပြီး ပြောလိုက်သည်။
"လူကြီးမင်း..ကျေးဇူးပြုပြီး အောက်ချပေးပါဦး ။ ကျွန်တော့် ဘာသာလျှောက်နိုင်ပါတယ်"

ဒဏ်ရာမှသွေးအကြွင်းအကျန်များ သူ့လက်တွင်ရှိနေဆဲပင်။
သူ Lan Kuang ၏ပုခုံးကို တွန်းလိုက်ချိန် သွေးအပြည့်လက်ဝါးရာတစ်ခု တစ်ဖက်လူ၏ပုခုံးမှာ ကျန်ရစ်ခဲ့၏။

Lan Kuang က မရပ်။ သူက ဘာသာစိတ်ဆောင်နေမှန်း သိသာသည့်
Ran Feng Ge ကို ငုံ့ကြည့်သည်ဆိုရုံမျှ ကြည့်လိုက်သည်။
ခဏကြာပြီးမှ ပြန်ပြောလာ၏။
"ဒီလို အခြေအနေမျိုးမှာ.. ​ရဲကိုခေါ်ပြီး ဆေးရုံသွားရမှာ ပုံမှန်မဟုတ်ဘူးလား?"

Ran Feng Ge အတွင်းထဲတွင် စိတ်ဖိစီးသွားသော်လည်း မျက်နှာပေါ်မှာ တည်ငြိမ်သည့်အမူအရာကို ဆက်ထိန်းထားသည်။
"သတိပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် လုပ်လိုက်ပါ့မယ်"
ထိုသို့ပြောပြီး Lan Kuang ပုခုံးပေါ်က လက်ဝါးရာကို အားကိုးရာမဲ့ကြည့်လိုက်သည်။
သူ တစ်ဖက်လူကို ထပ်မတွန်းချင်ပေ။ ထို့ကြောင့် သူတတ်နိုင်သလောက် ကြိုးစားလူးလွန့်လိုက်သည်။
"ကျေးဇူးပြုပြီး ချပေးပါ"

Lan Kuang တစ်ဖက်လူကို စက္ကန့်အတန်ကြာ စိုက်ကြည့်လိုက်ပြီး နောက်ဆုံးမှာ အောက်သို့ချပေးလိုက်သည်။

တစ်ခုခုဖြစ်အောင်
ကြိုးကြိုးစားစားသရုပ်ဆောင်နေတာလား?
'အာ...ဘယ်လောက်တောင် ကလေးဆန်လိုက်လဲ'

သူ့ခြေထောက် ကြမ်းခင်းနှင့်အထိတွင် တစ်ချက်ထိုး၍ မူးဝေသွားသည်ကို ခံစားလိုက်ရသည်။ သူ့နံဘေးက ဒဏ်ရာကလည်း ​နာနေ၏။ သို့သော် မေ့ဆေး၏အရှိန်ကြောင့် ခံသာသွားသည်။
သူ ထိုအတွက်တော့ An Chen ကို မတတ်နိုင်ဘဲ ကျေးဇူးတင်ရမည်။ မဟုတ်လျှင်
နာကျင်မှုက သူ့အတွက် သည်းခံနိုင်ရန် လွန်စွာခဲယဥ်းလိမ့်မည်။

လူစားထိုး Where stories live. Discover now