Ch 21

731 150 10
                                    

Unicode

Chapter 21

သူ့ဒဏ်ရာကို ကိုင်ပြီး Ran Feng Ge နောက်သို့နှစ်လှမ်းဆုတ်လိုက်သည်။ မျက်ဝန်းက ဖြည်းညင်းစွာ မော့လာပြီး သူ့ရှေ့က အမျိုးသားကို ကြည့်လိုက်သည်။
"မင်းက အရင်တုန်းကအတိုင်းပါပဲလား.."

မသမာဆဲ၊ စိတ်မချရဆဲ၊ လူလည်ကျနေဆဲ..

An Chen က ထရပ်လိုက်ပြီး Ran Feng Ge ကို ဂရုမစိုက်ဟန်ကြည့်သည်။
"ဝမ်နည်းပါတယ်..ငါ အရင်က ဘယ်လိုဆိုတာ မင်း သတိရမှပေါ့။ ငါ မင်းကိုရှာတွေ့ပြီးမှတော့ ကျိန်းသေ သုံးလို့ရအောင် ဖန်တီးရမှာပဲ"

"​မာနမထောင်လွှားစမ်းပါနဲ့"
Ran Feng Ge က တစ်ဖက်လူကို ဒေါသဖြင့်ဝေဖန်သည်။ သူ့ခြေထောက်များက အားနည်းနေပြီး မျက်ခုံးနှစ်ဖက်ကို ကပ်နေအောင်ကြုံ့ထားသည်။ ဓားမြှောင်ကို ရှောင်တိမ်းလိုက်သဖြင့် သူ့ဒဏ်ရာက သိပ်တော့မနက်ပါ။ သို့သော် သူ့အမြင်အာရုံများ စတင် မဲမှောင်လာပြီး သူ့ခြေလက်များလည်း​ပျော့ခွေလာသည်။

'မဖြစ်နိုင်ပါဘူးနော်'

"ငါ ဓားမြှောင်မှာ မေ့ဆေး​ကြိုလိမ်းထားတယ်။ ဒါကြောင့် မင်းဖို့ အခုနေအကောင်းဆုံးနည်းလမ်းက
ငါ့တောင်းဆိုချက်ကိုလက်ခံဖို့ပဲ"
An Chen က စားပွဲကိုသီ၍ ဒဏ်ရာရနေသော အမျိုးသားထံ
တစ်လှမ်းခြင်းလျှောက်သွားသည်။

အကြံရကာ Ran Feng Ge၏ မျက်ဝန်းထဲ၌ အလင်းရောင်မှိန်မှိန်ကလေး လက်သွား၏။
သူ ပြတင်းပေါက်တွေဘက်ကို တစ်ချက်ကြည့်လိုက်၏။ သူတို့က ရေပူစမ်း၏ ရေချိုးကန်များ အထက်ကဖြစ်သည်။
တစ်ဖက်၏လမ်းကြောင်းကို ဟန့်တားဖို့ သူက An Chen ဆီ ကုလားထိုင်ကို ကန်ထုတ်လိုက်သည်။
An Chen က ကုလားထိုင်ကိုရှောင်နေစဥ် Ran Feng Ge က ပြတင်းပေါက်တွေဆီပြေးကာ အသားကုန်ပစ်ဆောင့်လိုက်သည်။

သူ့လှုပ်ရှားမှုများက နှေးကွေးပြီး သူ့အမြင်က ဝါးနေစေကာမူ ဝင်ဆောင့်ရာ၌ သူ့ကိုယ်သူလုံခြုံစေရန် သင့်တော်မည့် အစီအမံများကို
Ran Feng Ge မမေ့ပါ။

မှန်များကိုခွဲရန် သူ့ကျောနှင့် တံတောင်များကို အသုံးပြုကာ ခေါင်းကို အုပ်ကိုင်ထားသည်။ မှန်များ၏ကွဲသံကြောင့် လတ်တလော ရေချိုးကန်တွင် စိမ်နေသည့် လူများက မော့ကြည့်ကြသည်။ သူတို့ပုံရိပ်တစ်ခုကို မြင်လိုက်ရသည့် အခိုက်မှာပင် ထိုဟာက ပြတင်းပေါက်ကို ဖြတ်၍ ထိုးကျလာပါ၏။

လူစားထိုး Where stories live. Discover now