Ch 23

737 150 15
                                    

Unicode

Chapter 23

အတွေးနယ်ချဲ့နေရာမှ ပြန်လည်သတိဝင်လာချိန် သူက အခန်းထဲသို့ပြန်ရောက်နေပြီဖြစ်ပြီး အဝတ်အစားတချို့လဲလှယ်ပြီးသွားပြီ။
သူ့လှုပ်ရှားမှုက သူ့အတွေးစဥ်ထက် ပိုမြန်ပေ၏။
သူက Ran Feng Ge နောက်သို့ လိုက်ဖမ်းချင်သည့်ပမာ လက်ထဲတွင် အခြားအဝတ်တစ်စုံကို
ကိုင်ထားသည်။

ဆိုညွှန်းခဲ့ပြီးသည့် အမျိုးသားမှာ လက်ရှိတွင် ခက်ခက်ခဲခဲလမ်းလျှောက်နေရ၏။ အိုး..Ran Feng Ge ဘယ်လောက်တောင် မျက်စိတန်းမှိတ်ကာ အိပ်ချင်နေလိမ့်မည်နည်း။

ယခုညကား အံ့သြဖွယ်အဖုံဖုံဖြင့် ပြည့်နှက်နေသည်။ ကိစ္စများက တစ်ခုပြီးတစ်ခု သူ့ထံဆက်လာနေသည်မှာ အချိန်မီအုပ်မိသည့်တိုင် အပြည့်အဝ မပြင်ဆင်ရသေးချေ။

ယခုလို အဆုံးသတ်လိမ့်မည်ကို သိလျှင် ထိုအချိန်က သူ စပ်စုစိတ်ပြင်းပြမိမည်မဟုတ်။
"သိချင်စိတ်က ကြောင်ကိုသတ်တယ်"ဟူသော စကားပုံ၏သတိပေးချက် လုံးလုံးမှန်သည်။
သူသာ လိမ်လိမ်မာမာဖြင့် အိမ်မှာနေပြီး အိပ်လိုက်လျှင် ယခုလိုအခြေအနေမျိုးဖြင့် အကျပ်ရိုက်လိမ့်မည်မဟုတ်ပါ။

ပထမဆုံး သူ An Chen ရှာတွေ့တာခံလိုက်ရသည်။ ဒဏ်ရာရသည်ထိ အဆင်ပြေသေးသည်။ သို့သော် သူက Cheng Xi Ran နှင့် Mi Le ကို အန္တရာယ်အလားအလာနှင့် ထိတွေ့စေခဲ့ပြီ။

ဒုတိယ သူ Lan Kuang နှင့်ထိပ်တိုက်တွေ့ရန် လုံးဝမပြင်ဆင်ရသေး။
Lan Kuang က သူ့ကို မမှတ်မိသော်လည်း သူ့အနေဖြင့် Lan Kuang ကို မည်သည့်နည်းနှင့်မှ မပတ်သတ်လို။

ဘယ်လောက် ကံမကောင်းလိုက်သနည်း..
သူ့ကံမှာ အမှန်ပင်ညံ့နေသည်။

Ran Feng Ge တိတ်တဆိတ် ဆဲရေးလိုက်သည်။
အဆုံးတွင် ဤသည်မှာ ရေခဲတုံး Su Yi Mo ၏အမှားသာဖြစ်သည်။
ထိုသူကသာ ဤသေနာကျအလုပ်ကို မအပ်လျှင် သူလည်း ယခုနေ ဟာဝိုင်အီတွင် ပျော်ပျော်ရွှင်ရွှင်ဖြင့် သက်သောင့်သက်သာ အပန်းဖြေအနားယူနေမည်မှာ သေချာ၏။
ယခုလို ဆိုးဆိုးရွားရွားသပွတ်အူထဲမှာ ထည့်အမွှေခံရမည် မဟုတ်ရှာ။

Xi Ren အကြံပေးသလို မိန်းကလေးတစ်ယောက်ကို ရည်းစားထား၊ သူ့ဘဝအမှန်ကိုဖုံးကွယ်၊ မတည်ငြိမ်ပေမည့် သာမန်ဘဝတစ်ခုတွင် ရှင်သန်သင့်ပြီ ထင်သည်။

လူစားထိုး Where stories live. Discover now