Ch 20

781 148 5
                                    

Unicode

TN/ ရပ်ထားမိတာကြာပါပြီ။ အင်တာနက်တွေပိတ်လိုက်တဲ့နောက် မလှည့်ဖြစ်တာလည်းပါတယ်။
Live action ထွက်မဲ့ကောင်ကို ဦးစားပေးရေးနေတာလည်းပါတယ်။
Permission တောင်းထားတာကိုစောင့်နေတာလည်းပါပါတယ်။
ဒါပေမဲ့ သွားတောင်းတဲ့ twitter acc ကိုမေ့သွားလို့ reply တောင်မသိလိုက်ရဘူး။

အခု ညီမလေးတချို့ကို ဒီတစ်ပတ်ပြန်တင်ပေးမယ်
ကတိပေးထားလို့ တင်လိုက်ပါပြီနော်။

အခုထိစောင့်နေပေးတဲ့သူတွေ ကျေးဇူးပါနော်။

_______________________

Chapter 20

"လိုက်ခဲ့"
An Chen က ဘေးမှာရပ်နေသည့် Ran Feng Ge ကို သတိပေးသည်။

"မင်း ငါ့ကို ရေပူစမ်းစိမ်ဖို့ ခေါ်တာဆိုရင်တော့ မင်းနှိပ်တဲ့ခလုတ်က အထပ်မှားသွားပြီ"
Ran Feng Ge က ခပ်မြူးမြူးပြုံးလိုက်ပြီး အောက်ဘက် ၁၅ထပ်သို့ လက်ညှိုးထိုးပြသည်။
"အဲဒါကမှ ငါတို့သွားသင့်တဲ့အထပ်"

"မင်း ရေပူစမ်းကိုစိတ်ဝင်စားမယ်လို့ ငါမထင်လိုက်ဘူး"
An Chen က တည့်တည့်လျှောက်သွားပြီး အခန်း (၂၀၁၀)၏ တံခါးကို ဖွင့်လိုက်သည်။ သူက နောက်ပြန်တစ်ချက်ကြည့်လိုက်ပြီး ခြေတစ်လှမ်းမှမလှုပ်သည့် အခြားသူကို မေးလိုက်သည်။
"ဘာဖြစ်လို့လဲ? ကြောက်လို့လား?"

"ဘယ်ဟုတ်ပါ့မလဲ"
Ran Feng Ge က ပေါ့ပေါ့ပါးပါးလှမ်းသည်။

အခန်းထဲက မီးရောင်မှာ မှိန်ပျပျ...သို့သော် Ran Feng Ge အတွက် ထိုမျှနှင့် အခန်း၏ဖွဲ့စည်းပုံကိုသာမက လူတစ်ယောက်ပုန်းနေနိုင်မည့် ​နေရာများကိုပါ မြင်ရဖို့ လုံလောက်ပါသည်။

သူ အခန်း၏ပတ်ပတ်လည်ကို တစ်ကြိမ်ကြည့်လိုက်၏။ ကြိုတင်စီမံထားသည့် လှည့်ကွက်တစ်စုံတရာ An Chen တွင်မရှိဟု ထင်ရသည်။ စိတ်အေးစေရန် ကိုယ့်ကိုယ်ကိုယ်အားပေး၍ သူအထဲသို့ ခြေချလိုက်သည်။

An Chen က တံခါးကိုပိတ်ကာ ကြမ်းပြင်မှ မျက်နှာကြက်အထိ ရောက်အောင်ကြီးသည့် ပြတင်းပေါက်များ၏ အရှေ့တွင် ချထားသည့် စားပွဲဆီ လျှောက်သွားသည်။ သူက ကုလားထိုင်တစ်လုံးဆွဲထုတ်လာပြီး ပြော၏။
"ထိုင်"

လူစားထိုး जहाँ कहानियाँ रहती हैं। अभी खोजें