ယခုတစ်လအတွင်း..သူ၏ စားသောက်မှုကို လည်းလူနာတစ်ယောက်အတိုင်း အပြည့်အဝချိန်ထိုးကာ သက်သာလာသလောက် လိုက်၍လိုက်၍ပြောင်းလဲ၏။ သူတို့ဆက်ဆံရေး၏ ရင်းနှီးမှုနှင့် ဒွိဟဖြစ်ဖွယ်များကို ပြရန်လိုလာသည့်အချိန်တိုင်းတွင်လည်း ထိုသူက ပြီးပြည့်စုံစွာသရုပ်ဆောင်နိုင်သည်။ တစ်ခုတည်းသောပြဿနာမှာ သူတို့ ပွေ့ဖင်ကြသည့်အချိန်တိုင်း Ran Feng Ge၏ ခန္ဓာကိုယ်မှာ အလိုအလျောက်
တောင့်တင်းသွားလိမ့်မည်ဖြစ်ပြီး Su Yi Moက မရမကခိုင်းစေတော့မှသာ ပြေလျော့သွားမှာဖြစ်သည်။ ကြည့်ရသည်မှာ အခြားအမျိုးသားတစ်ယောက်နှင့် ပွေ့ဖက်၊နမ်းရှုပ်ရတာမျိုး အကျင့်ရှိပုံမရ။

သို့သော်ငြား သူအကျင့်မရှိကြောင်းကို Ran Feng Ge ဘယ်သောအခါမျှ မပြော...သူ မလုပ်နိုင်ပါဘူးဟုလည်း တစ်ခွန်းမဆို။ Ran Feng Ge၏ လက်ဝယ်၌ ရွှေအဆင့်လူစားထိုးဟူသော
ဘွဲ့မည်သည် အမှန်ကို စင်းလုံးချောအဖြစ်သို့ရောက်၏။

Su Yi Mo  သူ၏ရှေ့တွင် ရပ်နေသည့် အမျိုးသားကို ကြည့်လိုက်သည်။ Ran Feng Ge၏ အားနည်း၍ပါးလျှသည့် ကိုယ်လုံးလေးကို မြင်နေရ၏။ တစ်ဖက်သူ၏ ဖြူလျော်လျော်အသားအရေမှသည် တဖြည်းဖြည်း ပုံမှန်ဖြစ်လာသည်အထိ သူ ကြည့်ချိန်ရခဲ့သည်။ ချောင်ကျနေသည့်မျက်တွင်းများ ပြန်ပြန်ပြည့်လာသည်ကိုလည်း သတိပြုမိ၏။ ပြောင်းလဲမှု အသေးစိတ်တိုင်းကို မလွတ်ခဲ့ပါ။

"စောစောရောက်လာတာပဲ "

Ran Feng Ge က ဖွဖွပြုံးသည်။ ထို့နောက် သူက Su Yi Moကို ပွေ့ဖက်ချင်ဟန်ဖြင့် ရှေ့သို့ခြေနှစ်လှမ်းတိုးလာ၏။

Ran Feng Ge ၏ လှုပ်ရှားမှုကို Su Yi Moက ကြိတ်ရယ်မိသည်။ တစ်လကြာအပြီး၌ သူတို့ဆုံကြသည့်အချိန်တိုင်း___၁. အကြည့်ချင်းဖလှယ်၊၂.
ပြုံးပြ၊ ၃. ပွေ့ဖက် ၊ ၄. အနမ်းပေး ဟူသည့် လုပ်ရိုးလုပ်စဥ်နှင့် နောက်ဆုံးတွင် သူ ကျင့်သားရသွားပြီထင်သည်။

Su Yi Mo က သူ့လက်မောင်းများကို ဖွင့်ကာ တစ်ဖက်အမျိုးသားကို ဆွဲ၍ ရင်ခွင်ထဲသို့ထည့်လိုက်ပြီး Ran Feng Ge၏ နဖူးလေးထက်သို့ မြတ်မြတ်နိုးနိုးနမ်းလိုက်၏။

လူစားထိုး Where stories live. Discover now