36

1.5K 227 30
                                    

[Zawgyi]
The Throne(ရာဇာပုလ္လင်)
အပိုင်း-၃၆

လွန်ခဲ့သော နှစ်ပတ်ခန့်
ဝမ်အွန်း မင်းမယ်တော်ကြီးအားသတ်လိုက်သည့်အကြောင်းသည် တစ်နိုင်ငံလုံးဆီပျံ့နှံ့သွားသည်။ နန်းတွင်းသမားတော်ကြီးသည် ထိုအကြောင်းအရာအားကြားပြီး နန်းတော်ကနေ ဘယ်သူမှမရိပ်မိစေရန် ဝမ်အွန်း ပြောထားသည့်လျို့ဝှက်လမ်းကနေ နန်းတော်အပြင်ကို ထွက်လာခဲ့သည်။ ထို့နောက် သူကြိုပြီး ပြင်ခိုင်းထားသော မြင်းစောင်းဆီသွားကာ မြင်းတစ်ကောင်နှင့် ဘတ်ဂျယ် နိုင်ငံကို သွားတော့သည်။

တစ်မြို့ပြီးတစ်မြို့ ဖြတ်ပြီးသည်အထိ သူပျောက်နေမှန်း ဘယ်သူမှမရိပ်မိသေးပေ။ ထိုအရာသည် သူ့အတွက် သတင်းကောင်းဖြစ်သည်။

ရှီလာ-ဘတ်ဂျယ် နယ်စပ်ရောက်သောအခါ သမားတော်ကြီးသည် ရှီလာဘက်ရှိ လယ်ကွင်းပြင်စိမ်းတို့အား မျက်စိတစ်ဆုံးကြည့်လိုက်သည်။ မွေးရပ်မြေဖြစ်သော ရှီလာ အား သူမခွဲချင်ပေ။ အခုတစ်ခါထွက်ခွါမှုသည် ဘယ်အချိန်မှ ပြန်လာနိုင်မလဲ သေချာမပြောနိုင်ပေ။ သို့ပေမဲ့ သူ ဝမ်အွန်း အတွက် အရေးကြီးတာဝန်ဆောင်ရွက်ပေးရမည်။ သူသေဆုံးသည်အထိ ဝမ်အွန်း ကိုစောင့်ရှောက်ပေးပြီး ဝမ်အွန်း ၏ မွေးဖွားမှုအမှန်ကို ဖုံးကွယ်ထားရန် အရင်မင်းကြီးအား ကတိပေးခဲ့သည်။ အခု သူ ကတိတည်ရမည့်အချိန်ကို ရောက်ခဲ့ပြီ။

ရှီလာ-ဘတ်ဂျယ် နယ်စပ်အားဖြတ်ပြီး ဘတ်ဂျယ် တိုင်းပြည်ဆီရောက်မှ သမားတော်ကြီးသည် မေ့ထားခဲ့တာကြာပြီဖြစ်သော ဝမ်အွန်း ၏ မွေးဖွားမှု အမှန်ကို ပြန်တွေးမိသွားသည်။

နေရောင်ခပ်နွေးနွေးကျကာ သာယာသောနေ့တစ်နေ့တွင် ရှီလာဘုရင်မင်းမြတ် ဝမ်မင်းကြီး ၏ မိဖုရား ဝမ်ဆော သည် သားတော်တစ်ပါးဖွားမြင်သည်။ နတ်ဆရာမအပြင် သမားတော်တွေကပါ မိန်းကလေးဟု ပြောခဲ့ကြပေမဲ့ မွေးဖွားလာသည်က လှပသော ယောကျာ်းလေးတစ်ယောက်ဖြစ်နေသည်။

ဖြူဖွေးသောအသားအရေ ၊ မျက်လုံးမှေးမှေး၊ ပန်းရောင်နှုတ်ခမ်းပါးလေးနှင့် ဖောင်းအိနေသောပါးလေးတွေက ရုတ်တရက်ကြည့်လျှင် မိန်းကလေးတစ်ယောက်ဟုတောင်ထင်နေရသည်။

The ThroneWhere stories live. Discover now