32

1.2K 205 37
                                    

[Zawgyi]
The Throne(ရာဇာပုလ္လင်)
အပိုင်း-၃၂

နောက်တစ်နေ့ရောက်သော်

ဝမ်ယောလ် နှင့် ဝမ်အွန်း မနက်စားအတူတူစားနေသည်။ ဝမ်အွန်း က စားလို့မပြီးသေးပေမဲ့ ဝမ်ယောလ် ကတော့စားလို့ပြီးသွားပြီဖြစ်သည်။ သို့သော် သူ့ပန်းကန်ကို မသိမ်းသေးဘဲ ငါးစွပ်ပြုတ်ထဲကငါးကိုယူပြီး အရိုးနွှင်နေသည်။အရိုးနွှင်ပြီးတော့ ဝမ်အွန်း ပန်းကန်ထဲ လှမ်းထည့်ပေးလိုက်ပြီး

'အွန်းလေး ငယ်ငယ်က ငါးစွပ်ပြုတ်ကြိုက်တယ်မဟုတ်လား။ အရပ်ရှည်အောင်ဆိုပြီး ငါးတွေအများကြီးစားတာတောင် မှတ်မိနေသေးတယ်'

ဝမ်ယောလ် ကပြောလည်းပြော ဝမ်အွန်း ဇွန်းလေးနဲ့ခပ်ထားသော ထမင်းပေါ်ငါးအသားလေးတွေတင်ပေးလိုက်ပြန်သည်။

ဝမ်အွန်း ဝမ်ယောလ် စကားနားထောင်ရင်း သူ့ဇွန်းလေးပေါ်ရောက်လာသောငါးကိုကြည့်ပြီး ဘောက်ဆတ်ဆတ်နဲ့စားလိုက်သည်။

ဝမ်ယောလ် က ဝမ်အွန်း စားနေပုံကိုကြည့်ပြီး ပြုံးလိုက်ကာ

'ဒါပေမဲ့ ငါးတွေအများကြီးစားလည်း အရပ်မရှည်လာဘူးမဟုတ်လား။ မရှည်လာတာလည်းကောင်းပါတယ်။ ကိုယ်နဲ့ဆို ရင်ခွင်မှီအရပ် ကွက်တိဖြစ်သွားတာပေါ့'

ဝမ်အွန်း စကားပြန်မပြောမချင်း ဝမ်ယောလ် ဆက်စနေမည်ကိုသိသောကြောင့် ဝမ်အွန်း သက်ပြင်းချလိုက်ပြီး

'ထမင်းတောင်ကောင်းကောင်းပေးမစားတော့ဘူးလား'

'ဘာလို့လဲ။ ချစ်လို့စတာပဲကို'

'မစနဲ့။ မချစ်ဘူး'

ဝမ်အွန်း အရွက်ကြော်ကို တူလေးနဲ့ညှပ်ပြီး ပါးစပ်ထဲသွင်းလိုက်ပြန်သည်။

'ဟိုတလောကတော့ အွန်းလေးပဲချစ်တယ်ဆို'

'ငါဟန်ဆောင်တယ်ဆိုတာ မင်းသိပြီးသားပဲမဟုတ်ဘူးလား'

'ဟုတ်သားပဲ။ မေ့သွားတယ်'

'ငါကတော့မေ့ချင်ယောင်ဆောင်နေတာလို့ပဲထင်တယ်။ စကားအကောင်းပြောနေတာဆိုတော့ တစ်ခုခုကြံစည်နေတာတော့မဟုတ်ပါဘူးနော်'

ဝမ်ယောလ် ဘာမှပြန်မပြောဘဲ ပြုံးရုံသာပြန်ပြုံးပြပြီး ဝမ်အွန်း ပန်းကန်ထဲ ကျန်နေတဲ့ငါးအသားတွေအကုန်ထည့်ပေးလိုက်သည်။ ဝမ်အွန်း ကတော့ ဝမ်ယောလ် အပြုအမူတွေကိုသာ နားမလည်သလိုကြည့်နေသည်။ ဝမ်အွန်း စိတ်ထဲ တစ်ခုခုမကောင်းတာဖြစ်တော့မလို ခံစားနေရသည်။

The ThroneDove le storie prendono vita. Scoprilo ora